စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday 21 August 2014

ဖားအံမြို့သီရိကွင်း၌ စွန့်ပစ်ခံရသည့် ကလေးငယ်တစ်ဦးကို တွေ့ရှိ

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သီရိကွင်း၌ သုံးနှစ်အရွယ်ရှိသည်ဟု ယူဆရသည့် မိန်းကလေး ကလေးငယ်တစ်ဦး စွန့်ပစ်ခံရသည် ကို တွေ့ရှိခဲ့ကြောင်း ဖားအံမြို့ရှိ မာဃလူမှုကူညီရေး၏ ဥက္ကဌ ဦးကျော်ကြီးက ကေအိုင်စီသို့ ပြောဆိုသည်။

၎င်းကလေးငယ်ကို ဟိန္ဒူဘာသာဝင်ဟု ခန့်မှန်းကြပြီး သြဂုတ်လ ၁၄ရက်နေ့က ည ၇နာရီကျော်အချိန်တွင် အမှတ်(၄)ရပ်ကွက် ရှိ ကိုစိုးနိုင်ဆိုသူက ဆိုင်ကယ်နှင့် သီရိကွင်းနားကို ဖြတ်သွားရင်း ကလေးငိုသံကြားသည့်အတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ် ချုပ်ရေးမှူးများကို အကြောင်းကြားကာ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ကလေးကို ဖားအံဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဦးကျော် ကြီးက ဆိုသည်။

ဦးကျော်ကြီးက “ကလေးကို သီရိကွင်းမှာ တွေ့တာပေါ့နော်။ တွေ့ပြီးပြီးချင်းပဲ ဖားအံဆေးရုံကို ပို့လိုက်ကြပါတယ်”ဟု ပြောသည်။

ဖားအံမြို့ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ကလည်း “ကျနော်တို့က ဒီကလေးကို ဆေးကုသမှုခံ ယူသင့်တယ် ဆိုပြီးတော့ အခု ဖားအံမြို့ဆေးရုံ ကလေးကုသဆောင်မှာ ရှိတယ်။ သူ့ရဲ့ပေါင်က နည်းနည်း ရောင်တာတွေ့တော့ ဓာတ်မှန်ရိုက် ကြည့်တဲ့အခါ ပေါင်မှာကျိုးတဲ့ ဒဏ်ရာရှိတယ်။ ဒီပေါင်ကျိုးဒဏ်ရာ သက်သာဖို့ ဆရာဝန်တွေက ကလေးငယ်ကို ကုပေးနေပါ တယ်။ လောလောဆယ် ကလေးငယ်အတွက် ကျနော်တို့ပဲ ငွေအကုန်ကျခံပေးပါတယ်”ဟု ပြောသည်။

လက်ရှိ ကလေးငယ်၏ မိဘ သို့မဟုတ် အုပ်ထိန်းသူများ ပြန်ဆက်သွယ်လာနိုင်ရန် ကလေး၏ဓာတ်ပုံကို ရပ်ကွက်၊ ကျေးရွာများ သို့ပို့ထားသလို အင်တာနက်အွန်လိုင်း စာမျက်နှာများ၌ တင်ထားမှုများရှိသော်လည်း လက်ရှိအချိန်ထိ ဆက်သွယ်လာသူ မရှိ သေးကြောင်း၊ အကယ်၍ ဆက်သွယ်မည့်သူ တစ်ဦးတစ်ယောက်မှမရှိပါက လူမှုဝန်ထမ်းဌာနသို့ အပ်နှံသွားမည်ဟု ဦးအောင် အောင်က ဆက်ပြောသည်။

စွန့်ပစ်ခံရသောကလေးငယ်သည် စကားမပြောတတ်သေးသလို သာမန်အားဖြင့်ကြည့်လျှင် အသက်သုံးနှစ်ခန့် ခန့်မှန်းရသော် လည်း ဆရာဝန်များ၏ ပြောကြားချက်အရ အသက် ၅နှစ်ခန့်ရှိမည်ဟု ခန့်မှန်းမိကြောင်းနှင့် သြဂုတ်လ ၁၈ရက်နေ့က ကလေး ငယ်ကို ပြည်နယ်ဦးစီးမှူးကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလကလည်း ဖားအံမြို့ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှစ်ဦးသည် ၎င်းတို့၏ မွေးဖွားစ ကလေးများ ကို ဆေးရုံ၌ ချန်ထားခဲ့သည့်ဖြစ်ရပ်များလည်း ရှိခဲ့ဖူးကြောင်း ဖားအံဆေးရုံရှိ ဆရာဝန်များ၏ ပြောပြချက်အရ သိရသည်။

နန်းချောင်ဖော့
ကေအိုင်စီ - KIC News
http://www.kicnews.org/

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform