စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 17 August 2014

လားရှိုးမြို့ တွင် ခိုးမှုများဆက်တိုက်ကျူးလွန်နေသော သူခိုးဂိုဏ်းအား ဖမ်းဆီးရမိ

 လားရှိုးမြို့ တွင် ၂၀၁၄ ခုနှစ်၊ သြဂုတ်လအတွင်း ခိုးမှုများဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ရာ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့  မှူး ၏ လမ်းညွှန်ချက်၊ ခရိုင်ရဲတပ်ဖွဲ့ မှူး၏ ထပ်ဆင့်လမ်းညွှန်ချက်၊ လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့ မှူး၏ အနီးကပ် ကြီးကြပ် ကွဲမှုဖြင့် မြို့ မရဲစခန်း၊ နယ်မြေရဲစခန်းတို့ သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း တို့ မှ ရဲတပ် ဖွဲ့ စခန်းအသီးသီးနှင့် ချိတ်ဆက်ပြီး ရပ်ကွက်၊ရပ်ကျေးတို့ မှ တာဝန်ရှိသူများ၊ ပြည်သူလူထုများက ၀ိုင်းဝန်းပါဝင် ကူ ညီမှုဖြင့် ခိုးမှုအမြောက်အများ ကျူးလွန်နေသည့် သူခိုးဂိုဏ်းကြီးအား ဖော်ထုတ်ဖမ်းဆီးနိုင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယခုဖော်ထုတ်လိုက်နိုင်သော သူခိုးဂိုဏ်းကြီးသည် သြဂုတ်လ (၇)နေ့ ထုတ် ရတနာပုံသတင်းစာတွင် ဖော်ပြပါရှိ သော ‘လားရှိုးမြို့ တွင် ခိုးမှုများဆက်တိုက်ဖြစ်ပွား’ သတင်းပါ (ပ) ၁၀၁/၂၀၁၄ ပြစ်မှုပုဒ်မ ၃၈၀ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိသော ခိုးမှုကိုလည်း ကျူးလွန်ထားသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် (၂၂) ရက် နံနက် ၂နာရီခွဲက လားရှိုးမြို့  ရပ်ကွက် ၁၀ နယ်မြေ (၇) တိုင်းရုံးလမ်း အိမ်အမှတ် (၃၃) ဦးလှမင်း၏ နေအိမ်အရှေ့ တွင် ရပ်ထားသောဆိုင်ကယ်အမှတ် ၄၂ယ/……… ဖီလင် ၁၁၀ အစိမ်းအရောင် တစ်စီး တန်ဖိုးငွေက်ျ သုံးသိန်းခွဲခန့် ၊ ကန်ဘို ၁၂၅ အဖြူ/အပြာတစ်စီး တန်ဖိုးငွေကျပ် သုံးသိန်းသုံးသောင်းခန့် ၊ ဆင်းကတ်ပါ Samsung လက်ကိုင်ဖုံးတစ်လုံး၊ CCTV အောက်စက်တစ်လုံး၊ ဂေါက်သီးဖာလေးဖာ၊ ငွေစက္ကူရောရာ ငွေကျပ်သုံးသောင်းငါးထောင်၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃၇၅၀၀၀ိ/- တို့ ကို ခိုးယူခံခဲ့ရရာ ဦးလှမင်းက ၄င်း၏ နေအိမ်မှ ပစ္စည်းများ ပျောက်ဆုံးမှုကို တိုင်တန်းချက်အရ လားရှိုးမြို့ နယ်မြေရဲစခန်းက အမှုဖွင့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ခိုးမှုကျူးလွန်သူများကို စုံစမ်းရာတွင် နယ်မြေရဲစခန်းမှတာဝန်ရှိသူများနှင့် ဦးလှမင်းက ပူးပေါင်းဆောင်ရွက်ပြီး ပျောက်ဆုံးတိုင်တန်းသည့်နေ့ မှစ၍ ပါဆုံးသွားသော တယ်လီဖုန်း (၂)လုံးနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးနှင့် ဆက်သွယ်ပြီး တယ်လီဖုန်းဆက်ကြောင်းများ ရယူခဲ့ရာ ပျောက်ဆုံးတယ်လီဖုန်း (၂)လုံးအနက် ၀၉-၅၂……… အား မြန်မာ့ဆက်သွယ်ရေးမှ ဆက်သွယ်မှုဆက်ကြောင်း ဧရိယာများ ရရှိခဲ့ရာ ဇူလိုင်လ (၂၄) ရက်နေ့ တွင် လားရှိုးမြို့  နယ်၊ ဆုံကွယ်ကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာအနီးဝန်းကျင်မှ ယင်းဖုန်းကိုအသုံးပြုနေကြောင်း၊ ထို့ နောက် ဇူလိုင် လ (၂၅) ရက်နေ့ တွင် သိန်းနီမြို့ တွင်လည်းကောင်း၊ ဇူလိုင်လ (၂၇) ရက်နေ့ တွင် လောက်ကိုင်မြို့ တွင်လည်း ကောင်း အသုံးပြုနေကြောင်း ပေါ်ပေါက်ခဲ့ရာ ခရိုင်ရဲတပ်ဖွဲ့ မှူး၊ မြို့ နယ်ရဲတပ်ဖွဲ့ မှူး တို့ ၏ စီမံခန့် ခွဲမှုဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ များ၊ ရပ်ကွက်အထောက်အကူပြုအဖွဲ့ များက လောက်ကိုင်မှ လျှို့ ဝှက်စွာပြန်လာသော မောင်ဟိန်းရာဇာထူး (၂၁) နှစ် (ဘ) ဦးမျိုးမြင့်ထူး၊ သုံးဘီမောင်း၊ ဗမာ/ဗုဒ္ဓ၊ ကို သြဂုတ်လ (၁) ရက်နေ့ တွင် ဆုံကွယ်ကျေးရွာအုပ်စု၊ ရှမ်းကုန်း ကျေးရွာ၌ ဖမ်းဆီးရမိခဲ့သည်။

မောင်ဟိန်းရာဇာထူးကို စစ်ဆေးပေါ်ပေါက်ချက်အရ ခိုးမှုကျူးလွန်ရာတွင်ပါဝင်သူ မောင်ကျော်မင်းထွန်း (၃၆) နှစ်၊ (ဘ) ဦးတင်မြင့်၊ ကျဘမ်း၊ ဗမာ/ဗုဒ္ဓ၊ အမှတ် (၅၀၁) စကိတ်ကွင်းလမ်း၊ နယ်မြေ (၁၉) ရပ်ကွက် (၁၂) လားရှိုးမြို့  နေသူအား သြဂုတ်လ (၁) ရက်နေ့ တွင်ပင် နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး နောက်ဆက်တွဲ တုတ်ကြီး(ခ) ရန်နောင်ဖြိုး၊ (၁၉) နှစ်၊ (ဘ) ဦးစိုးခိုင်၊ သုံးဘီးမောင်း၊ ဗမာ/ဗုဒ္ဓ၊ နားမခေါ်၊ နယ်မြေ (၉) ရပ်ကွက် (၁) လားရှိုးမြို့ နေသူ၊ စည်သူ (၂၃) နှစ်၊ (ဘ) ဦးအောင်ကျော်မြင့်၊ သုံးဘီးမောင်း၊ ဗမာ/ဗုဒ္ဓ၊ နားမခေါ်၊ နယ်မြေ (၉)၊ ရပ်ကွက် (၁)၊ လားရှိုးမြို့  နေသူတို့ အား လက်ရဖမ်းဆီးရမိခဲ့သည်။

ထို့ နောက် ကွင်းဆက်တရားခံများကို သြဂုတ်လ (၄) ရက်နေ့ တွင် စစ်ကိုင်းတိုင်း၊ ၀က်လက်ရဲမြို့ နယ်၊ ရှိမ္မကား ရဲစခန်း က ရှိန်းထက်အောင်(ခ) ဇွဲသူရိန်၊ ညောင်အင်းကြီးရွာ၊ စဥ့်ကူးမြို့ နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ၊ မလင်းလင်းထိုက်၊ လက်ပံ လှရွာ၊ သပိတ်ကျဉ်းမြို့ နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ၊ မျိုးမင်းထွန်း(ခ) ပိုးဖြူ၊ အောင်ချမ်းသာရွာ၊ ကြို့ ပင် ကောက်မြို့ နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူ၊ (၄) မသူဇာဝင်း(ခ) လရိပ်၊ သာဓု ကန် ကျေးရွာ၊ ရွှေပြည်သာမြို့ နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူ တို့ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖော်ထုတ်ဖမ်းဆီးရန် ကျန်ရှိနေသူများကို အမြို့ မြို့ အနယ်နယ်ရှိ ရဲတပ်ဖွဲ့ ဝင်များက ဖမ်ဆီးရမိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖော်ပြပါ သူခိုးဂိုဏ်းကြီးသည် အခြားမြို့ များတွင် (၅) နေရာ၊ လားရှိုးမြို့ တွင် (၁၅) နေရာခန့်  ခိုးမှုကျူးလွန်ခဲ့ကြ သူများဖြစ်ရာ ဦးလှမင်းနေအိမ်ကို ၀င်ရောက်ခိုးယူမှုအပြင် အခြားပြစ်မှုဟောင်းများလည်း ပေါ်ပေါက်နိုင်ရေး ရဲတပ် ဖွဲ့ က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဤသူခိုးဂိုဏ်းကြီးသည် မူဆယ်၊ ကွတ်ခိုင်၊ တန့် ယန်း၊ သီပေါ၊ ပြင်ဦးလွင်မြို့ နယ်တို့ ၌ ခိုးမှု (၅)မှု၊ ဆိုင်ကယ်မျိုးစုံ (၁၂) စီး (အတည်ပြုချက် တောင်းခံထား)၊ လားရှိုးမြို့ ၊ နယ်မြေရဲစခန်းတွင် (၆) မှု၊ ဆိုင်ကယ်မျိုးစုံ (၈) စီး၊ အတည်ပြု (၃)မှု၊ အတည်မပြုနိုင် (၃)မှု၊ လားရှိုး မြို့ မရဲစခန်းတွင် (၁၄) မှု၊ ဆိုင်ကယ်မျိုးစုံ (၂၂) စီး၊ အတည်ပြု (၉)မှု၊ အတည်မပြုနိုင် (၅) မှု၊ စုစုပေါင်း အမှု (၂၅) မှု၊ ဆိုင်ကယ် မျိုးစုံ (၄၂) စီးတို့ ကို ခိုးယူခဲ့ကြောင်း စစ်ကြော ဖော်ထုတ်ရရှိခဲ့ကြောင်း လားရှိုးမြို့  နယ်မြေရဲစခန်း၊ စခန်းမှူးက ပြောပြသည်။

သြဂုတ်လ (၁၅) ရက်နေ့ အထိ ပြန်လည်သိမ်းဆည်းရမိခဲ့သော ခိုးရာပါပစ္စည်းများမှာ ဦးလှမင်းတိုင်တန်းထားသော အမှုပါ ဆိုင်ကယ် (၁)စီး၊ CCTV အထိုင်စက် (၁)လုံး၊ စလောင်းစက် (၁) လုံး၊ ခေါက်တီဗီ (၁) လုံး၊ ဆိုနီဒစ်ဂျစ်တယ် ကင်မရာ (၁)လုံး၊ ဟန်းဆက် (၁)လုံးတို့ ဖြစ်ပြီး အခြားအမှုများမှ ရှိမ္မကားရဲစခန်းမှ သိမ်းဆည်းရမိ ဆိုင်ကယ် (၂) စီးအပါအ၀င် ဆိုင်ကယ်မျိုးစုံ (၉) စီးတို့ ဖြစ်ကြောင်း သိရသည်။

သူခိုးဂိုဏ်းသည် သုံးဘီးမောင်းသူများအဖြစ် အသွင်ယူလေ့ရှိပြီး နေ့ ပိုင်းတွင် မြို့ ၊ရပ်ကွက်၊လမ်းကြောအခြေအနေ နှင့် နေအိမ်များကို လှည့်ပတ်ကြည့်ရှုရွေးချယ်ကာ ညအချိန်တွင် ခိုးမှုကျူးလွန်ကြခြင်းဖြစ်ကြောင်း၊ ပစ်မှတ်အိမ်ကို ကျော်မောင်းသွားလေ့ရှိကာ အခြေအနေအရ (၂)ယောက်တစ်တွဲ လှုပ်ရှားကြခြင်းဖြစ်ကြောင်း၊ သော့၊သံတိုင် တို့ ကို အလွယ်တကူဖြတ်နိုင်သော Cutter ကြီးများကို ကျောပေါ်တွင် အသင့်လွယ်ထားလေ့ရှိကြောင်း၊ သစ်သားတံခါးများ ကို ဖောက်နိုင်ရန် လွန်ပူတို့ ကိုလည်း အသင့်ဆောင်ထားလေ့ရှိကြောင်း၊ လားရှိုးမြို့ နယ် ရဲတပ်ဖွဲ့ မှူးက ရှင်းပြ သည်။

အခုလို ခိုးမှုတွေဖြစ်ပွားနေတဲ့အပေါ် ကျွန်တော်တို့ မှာ အပြည့်အ၀ တာဝန်ရှိပါတယ်။ နေ့ မအား၊ညမနားလည်း ဆောင်ရွက်နေပါတယ်။ အမှုတွေပေါ်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်လို့ လည်း ကတိပေးပါတယ်ဟု မြို့ နယ် ရဲတပ်ဖွဲ့ မှူး တင်ဖေ၀င်းက ပြောကြားသည်။

လားရှိုးမြို့ တွင် ကျဘမ်းအလုပ်များပေါများခြင်းကြောင့် အနယ်အနယ်အရပ်ရပ်မှ ရွေ့ လျားလုပ်သားများ နေ့ စဉ်ဆို သလို တဖွဲဖွဲဝင်ရောက်လာပြီးသည့်နောက်ပိုင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပြည်သူ လူထုကလည်း ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် ဒုစရိုက်သမားများအတွက် နေရာမရှိရလေအောင် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြည်သူလက်မခံလျင် ဒုစရိုက်သမားများ နေလို့ မရပါဘူးကြောင်း ပြောပြကာ လားရှိုး မြို့ အေးချမ်းသာယာလုံခြုံရေးအတွက် ပြည်သူလူထုကလည်း တတ်အားသရွေ့ ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် တာဝန်ရှိသူများက လိုလားနေပြီး ပြည်သူလူထုကလည်း လားရှိုးမြို့ ကြီးကို ဒုက္ခပေးနေသော သူခိုးဂိုဏ်းကြီးအား ဖမ်းဆီးရမိခဲ့သည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြကြောင်း သိရသည်။

သမန်းကျား
Lashio News Diary
https://www.facebook.com/lashio.news.city


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform