စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 10 August 2014

အမေရိကန်-မြန်မာ ဆက်ဆံရေး ထင်သလို ဖြစ်မလာ

 အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးဟာ အမေရိကန်ဖက်က တောင်းဆိုချက်တွေ ကို မြန်မာဖက်က ဖြည့်ဆည်းပေးနေတဲ့ ဆက်ဆံရေးမျိုး မဟုတ်ပဲ မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် မြန်မာအစိုးရက ကြိုးပမ်းနေတဲ့ ဆက်ဆံရေးမျိုးသာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး John Kerry က ပြောကြား လိုက်ပါတယ်။

အာဆီယမ်နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက The Lake Garden Hotel မှာဒီနေ့ညနေက ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ထည့်သွင်းပြောခဲ့တာပါ။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ လူ့အခွင့်အရေး ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ရွေးကောက်ပွဲတွေမှာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ စတဲ့ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းနဲ့ အားလုံးပြည့်စုံအောင် ဆွေးနွေးခဲ့ပါတယ်။ အစိုးရ အနေနဲ့ ရှေ့ဆက်ပြီး အများကြီး ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ လိုအပ်နေသေးတယ် ဆိုတာကိုလည်း ပြောဖြစ်ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးဟာ အမေရိကန်ဖက် က တောင်းဆိုနေတာကို မြန်မာအစိုးရဖက်က ကြိုးပမ်းနေတဲ့ ဆက်ဆံရေးမျိုးမဟုတ်ပဲ ဒီတိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် အစိုးရက လုပ်ဆောင်နေတဲ့ ဆက်ဆံရေး မျိုးသာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ အစိုးရချင်း ဆက်ဆံရေးအပြင် မြန်မာနိုင်ငံသားတွေနဲ့ ဆက်ဆံရေးကိုလည်း တည်ဆောက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံဟာ အရေးကြီးတဲ့အချိုးအကွေ့မှာ ရောက်နေတာကို မြင်တွေ့နေ ရတာ ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာလည်း အပြောင်းအလဲဟာ နေ့ချင်းညချင်း ပြီးပြည့်စုံတာ မဟုတ်ကြောင်းနဲ့ အမေရိကန်နိုင်ငံ စတင်တည်ထောင်စဉ်က တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ကျွန်စနစ်ကို ခွင့်ပြုထားခဲ့ ပြီးတော့ နှစ်ပေါင်းအတော်ကြာမှ ပြုပြင်ယူသွားရ တာ ဖြစ်ကြောင်းလည်း အမေရိကန် ပြည်ထောင်စုနဲ့ နှိုင်းယှဉ်ပြီးပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့ညဘက်မှာ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform