စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 6 August 2014

သိုင်းလောက၏စိမ်ခေါ်သံများ

သိုင်းလောက၏စိမ်ခေါ်သံများ
==================
သိုင်းလောကထဲတွင် သိုင်းသမားကြီး mpt သည် နာမည်အကြီးဆုံးဖြစ်သည်
သူဆီသို့ အူရီဒူး နှင့် တယ်လီနော ဆိုသောသိုင်းသမားနှစ်ဦး ယှဉ်ပြိုင်မည်ဟုကြွေးကြော်ကာ ရောက်လာခဲ့သည်။
mptသည်ပြုံးပြုံးကြီနှင့်လက်ခံလိုက်သည်သူသည်ခေသူတော့မဟုတ်ပေ။တစ်ခေတ် တခါက သိုင်းလောကတွင် ၁၅ သိန်းသိုင်းဖြင့် နာမည်ကြီးခဲ့ဖူးသည်။နောက် ၅ သိန်းသိုင်း ၂သိန်းသိုင်းတို့ ဖြင့်အောင်မြင်ခဲ့ပြီးယခု ၁၅၀၀သိုင်းဆိုသည့်နာမည်တစ်လုံးဖြင့်ရပ်တည်နေခဲ့သူဖြစ်သည်။သကောင့်သားနှစ်ဦးကတော့အင်တာနက်မြန်နှုန်းမြင့်သိုင်း videocallဝန်ဆောင်မှု့အကောင်း ဆုံးပေး သိုင်းတို့ ကိုတတ်မြောက်ထားပြီး mpt ကိုယှဉ်ပြိုင်ခြင်းဖြစ်သည်။

လက်ရှိ mpt ၏နာမည်အကြီးဆုံး အဝိုင်းလည် သိုင်းကို အနိုင်ယူမည်ဟု ကြွေးကြော်ထားသည်။ ယခုချိန်ထိ mptသိုင်းသမားကြီး တုတ်တုတ်မလှူပ်သေးပေ ဒါလည်းအကြောင်းရှိသည်။သူသည် ဂျပန်သိုင်းသမားကြီးနှင့် သွေးသောက်ညီအကို ဖွဲထားသည်။ အားလုံးကိုကျော်ဖြတ်မည့်အဆင့်မြင့်သိုင်းပညာကို တိတ်တိတ်လေးသင်ယူလျက်ရှိသည်။
အူရီဒူးကသူ၏ အင်တာနက်မြန်နှုန်းမြင့်သိုင်းကိုမကြာသေးမီကမှ ကစားပြထားသည်

သို့ သော် mpt ၏ အဝိုင်းလည်သိုင်းကို မကျော်နိင်သေးပေ။ နိင်ငံရေးစကားဖြင့်ပြောရသော် mpt သိုင်းသမားသည် လူထု ထောက်ခံမှုကို နှစ်ပေါင်းများစွာ ခံယူထားသုဖြစ်၍ဖြစ်သည်။
သိုင်းလောကသားများကြားတွင်တော့သူ့ လူကိုယ်ဘက်သားကိုယ်လူသူဘက်သားများပေါ်ထွန်းနေခဲ့ပြီဖြစ်သည်။တချို့ကတော့ အူရဒူး၏ အင်တာနက်မြန်နှုန်းမြင့်
သိုင်းကို ကြိတ်သဘောကျနေကြသည်။mpt ကတော့ ဒီသိုင်းကိုသူတတ်မြောက်ထားတာ
ကြာပီဖြစ်သော်လည်း ထုတ်မ်ပြသေးကြောင်းအထောက်တော်မျာူးမှတဆင့်သိခဲ့ရသည်။
တယ်လီနောကတော့ဂူအောင်းသိုင်းကျင့်နေသဖြင်ထွက်မလာသေးပေ သူတို့ သုံးဦးသား၏ယှဉ်ပြိုင်မှုကိုစောင့်ကြည့်နေသူတစ်ဦးကိုတော့သူုတို့ သတိမပြုမိပေ သူကား MEC ပင်ဖြစ်သည်ဓနအင်းအာတောင့်တင်းခိုင်မာသော သိုင်းသမားတစ်ဦးလည်းဖြစ်သည်။ ၁၅၀၀ သိုင်းကို စတင်တီထွင်ခဲပြီး ယခု လက်ရှိ ငါခေါ်သူမကြား သူခေါ်ငါမကြား သိုင်းဖြင့်နာမည်ကြီးသူဖြစ်သည်။

သိုင်းလောကတွင်တော့ ထို လေးဦး၏ ယှဉ်ပြိုင်မှုကို မြေစာပင်အဖြစ်ခံ၍ကြည့်ရမည့်အနေအထားရှိသည်။သိုင်းလောကစိန်ခေါ်ပွဲကြီးနီကပ်လာပြီမည်သူကအနိုင်ရမည်ဆိုသည်ကိုတော့ပရိတ်သတ်ကဆုံးဖြတ်ပေးလိမ့်မည်။

Credit ....မူရင်းရေးသူ (ရေးသူအမည်ပါမလာသောmail ဖြစ်သည်)
 — 

Photo: သိုင်းလောက၏စိမ်ခေါ်သံများ

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform