စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 29 August 2014

၁၄၃။မေး။ ။ IQ ဆိုတာဘာလဲ..?IQ မြင့်မားဖို့ ဘာတွေလိုမလဲ??

အိုင်ကျူဆိုတာဘာလဲဆိုတာကို လွယ်လွယ်ပြော ရရင် လူတစ်ယောက်ရဲ့ တွေးတောနိုင်စွမ်း၊ ဆင်ခြင် စဉ်းစားနိုင်စွမ်းကို ပိုင်းဖြတ်ခြင်းလို့ပြောနိုင်ပါတယ်။ အိုင်ကျူဆိုတာ သိပ္ပံနည်းကျတယ်လို့ ပြောနိုင်ပေမယ့် အဓိပ္ပာယ်အတိအကျ ဖော်ဆောင်နိုင်ဖို့ ခက်ခဲပါ တယ်။

အိုင်ကျူဆိုတာ အသိဉာဏ်မြင့်မားမှုကို စမ်းသပ် တယ်ဆိုပေမယ့် ‘‘ကြိုးပမ်းအားထုတ်မှု’’ နဲ့လည်း သက်ဆိုင်နေပါတယ်။ အသိဉာဏ်ကို ပုံသေသတ်မှတ် တိုင်းတာဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အသိဉာဏ်ကိုတိုင်းတာရင် သူနဲ့ဆက်နွှယ်နေတာတွေ ကိုလည်း တိုင်းတာရပါတယ်။ ဒါကြောင့် စံတစ်ခုထား ပြီး အိုင်ကျူကိုစစ်ဆေးကြတယ်။ တစ်နည်းပြောရရင် အိုင်ကျူစစ်ဆေးခြင်းဆိုတာ ဉာဏ်ရည်ထက်မြက်မှု၊ သွက်လက်မှုကို တိုင်းတာစစ်ဆေးခြင်းလို့လည်း ပြော နိုင်တယ်။ ဒီလိုစစ်ဆေးရာမှာ အသက်အရွယ်အပိုင်း အခြားအရ ကွာခြားချက်ဖြစ်နိုင်တာကြောင့် အသက် အရွယ်ခွဲခြားစစ်ဆေးမှုကိုလည်း ပြုလုပ်လေ့ရှိတယ်။ တကယ့်ကို အိုင်ကျူမြင့်မားသူတွေကတော့ အသက် အရွယ်အပိုင်းအခြားဆိုတဲ့ ကန့်သတ်ချက်ကို ကျော်လွန်နိုင်ကြတာများတယ်။

အိုင်ကျူမြင့်တယ်ဆိုတာကို အမှတ် သုညကနေ ၂ဝဝ ကျော်အထိပေးပြီး တိုင်းတာလေ့ရှိတယ်။ သူ့အချိုးကတော့ စိတ်သက်နဲ့ မွေးအသက်ကို နှိုင်း ယှဉ်တာများတယ်။ စိတ်သက် MA (Mental Age) ရဲ့ အဆ ၁ဝဝ ကို လက်ရှိရောက်နေတဲ့မွေးသက် CA (Chnronological Age) နဲ့စားရင် သူ့ IQ အဖြေထွက် တယ်လို့ဆိုတယ်။

IQ = Mental Age / Chronological Age x 100

အိုင်ကျူ = စိတ်သက် / မွေးသက် x ၁ဝဝ

ဒါကိုပြန်ရှင်းရရင် ကိုယ်က အသက် ၅ဝ ဆိုပါ တော့။ ဉာဏ်ရည် (စိတ်သက်) က ပျမ်းမျှ ၄၄ ပဲရတဲ့ လူတစ်ယောက်ကို တွက်ကြည့်ရင် သူ့အိုင်ကျူက ဒီလို အဖြေထွက်မယ်။

၁ဝဝ x ၄၄ / ၅ဝ = ၈၈

အိုင်ကျူရမှတ် ၈၈ ဆိုတာ နိမ့်တယ်လို့ပြောရမယ်။

အိုင်ကျူရမှတ် ၁ဝဝ ဆိုတာ ပျမ်းမျှ ပုံမှန်ရမှတ် လို့ သတ်မှတ်ထားတယ်။ အိုင်ကျူရမှတ် ၁ဝဝ ကျော် ရင် သူ့အသက်ထက်မြင့်တယ်၊ ၁ဝဝ အောက်ရောက် ရင် နိမ့်တယ်လို့ပြောနိုင်တယ်။ အိုင်ကျူရမှတ်ဟာ လူကြီးတွေဆိုရင် ၂ဝဝ မှတ်၊ ကလေးဆိုရင် ၂၅ဝ မှတ်လောက်အထိ အမြင့်ဆုံးအနေနဲ့ သတ်မှတ်နိုင်တယ်။

အိုင်ကျူမြင့်မားဖို့ လေ့ကျင့်နိုင်ပါတယ်။
 — with Shwe Arlu and 2 others.

Photo: ၁၄၃။မေး။ ။ IQ ဆိုတာဘာလဲ..?IQ မြင့်မားဖို့ ဘာတွေလိုမလဲ??

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform