စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 6 August 2014

အီဘိုလာ ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ဖို့ ကမ္ဘာ့ဘဏ်က သန်း ၂၀၀ ကူညီမယ်

အီဘိုလာ ​ဗိုင်းရပ်စ်ပိုး ​ပျံ့နှံ့နေတဲ့ ​နိုင်ငံတွေကို ​ကမ္ဘာ့ဘဏ်က ​ဒေါ်လာ ​သန်း ​၂၀၀ ​ကူညီမယ်လို့ ​ကြေညာလိုက်ပါတယ်။

အဲဒီငွေတွေကို ​ရောဂါပြန့်နှံ့မှု ​ဖြစ်နေတဲ့ ​လိုင်ဘေးရီးယား၊ ​ဆီယာရာလီယွန်နဲ့ ​ဂီးနီးယား ​နိုင်ငံတို့ကို ​ပေးမှာ ​ဖြစ်ပါတယ်။

အီဘိုလာဗိုင်းရပ်စ်ပိုးကြောင့် ​အခုအခါမှာ ​လူပေါင်း ​၉၀၀ ​နီးပါးသေဆုံးခဲ့ရပြီး ​တစ်ထောင်ကျော် ​ကူးစက်ခံနေရပါတယ်။

အခုလောလောဆယ် ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကို ​ကာကွယ်နိုင်မယ့် ​ကာကွယ်ဆေးတွေ ​မရှိသေးပေမယ့် ​လာမယ့် ​နှစ် ​နှစ်ကုန်ပိုင်းလောက်မှာ ​ထုတ်လုပ်နိုင်ဖို့ ​မျှော်လင့်တယ်လို့ ​ကမ္ဘာ့ကာကွယ်ဆေးလောကမှာ ​ထိပ်တန်းက ​ပါဝင်တဲ့ ​ပညာရှင်တွေက ​ပြောပါတယ်။

အမေရိကန်နိုင်ငံက ​Allergy ​နဲ့ ​ကူးစက်ရောဂါ ​တိုက်ဖျက်ရေးဌာနရဲ့ ​အကြီးအကဲ ​Anthony ​Fauci ​ရဲ့အဆိုအရ ​လာမယ့် ​စက်တင်ဘာလမှာ ​အခုတီထွင်ထားတဲ့ ​ကာကွယ်ဆေးကို ​လူသားတွေမှာ ​စမ်းသပ်ကြည့်မှာ ​ဖြစ်ပြီး ​အဲဒီ ​စမ်းသပ်မှုက ​ဇန်နဝါရီလမှာ ​ပထမအဆင့် ​ပြီးဆုံးမှာ ​ဖြစ်ပါတယ်။

လူသားတွေအပေါ် ​စမ်းသပ်မှုက ​အောင်မြင်မှု ​ရမယ်ဆိုရင်တော့ ​ကာကွယ်ဆေးကို ​ထုတ်လုပ်သွားမှာဖြစ်ပြီး ​၂၀၁၅ ​နှစ်လည်ပိုင်းကနေ ​နှစ်ကုန်ပိုင်းအတွင်း ​ကာကွယ်ဆေးတချို့ကို ​ထုတ်လုပ်နိုင်မှာဖြစ်ပြီး ​ကျန်းမာရေးလုပ်သားတွေကို ​ကာကွယ်ဆေး ​ပေးနိုင်မယ်လို့ ​မျှော်လင့်ကြောင်း ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-06/1353174

အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၉၀ ရာခိုင်နှုန်းဟာ သေဆုံးကြတယ်လို့ ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ (Credit: Reuters) 

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform