စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 8 August 2014

ဆူနာမီအတွင်း ပျောက်ဆုံးသွားသည့် သမီးဖြစ်သူကို ၁၀ နှစ်ကြာမှ ပြန်တွေ့

 အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ၂၀၀၄ ဆူနာမီအတွင်း ပျောက်ဆုံးသွားခဲ့တဲ့ သမီးဖြစ်သူကို ၁၀ နှစ်အကြာမှ မိသားစုက အသက်ရှင်လျက် ပြန်လည်ဆုံဆည်းခွင့်ရခဲ့ပါတယ်။

အသက် ၁၄ နှစ်အရွယ်သမီးကို မိခင်နဲ့ ပြန်လည်ဆုံဆည်းခွင့်ရခဲ့တာကို အင်ဒိုနီးရှား ရုပ်မြင်သံကြားတခုမှာ ပြသခဲ့ပါတယ်။
၂၀၀၄ ဆူနာမီဖြစ်ခဲ့စဉ်တုန်းက သူမဟာ အသက် ၄ နှစ်အရွယ်ပဲ ရှိသေးပြီး နေထိုင်ခဲ့တဲ့နေရာနဲ့ မိုင် ၈၀ အကွာမှာ သက်ကြီးရွယ်အိုအမျိုးသမီးက စောင့်ရှောက်ခဲ့တာလို့ သိရပါတယ်။

မိခင်ဖြစ်သူက “ကျမ နေ့တိုင်း ဆုတောင်းခဲ့ပါတယ်။ သမီးအသက်ရှင်လျက် ပြန်တွေ့ပါရစေဆိုပြီး။ ပြီးခဲ့တဲ့လကပဲ သူ့ရဲ့အဖေ လိုက်စုံစမ်းနေသေးတယ်။ ကလေး အသက်ရှင်လျက်ပဲ ဆိုတာကိုလည်း အမြဲယုံကြည်နေခဲ့တယ်” လို့ ပြောဆိုပါတယ်။

မျိုးရိုးဗီဇ (ဒီအန်အေ) စစ်ဆေးဖို့ အစီအစဉ်မရှိပေမယ့် လိုအပ်ရင် လုပ်ဆောင်ဖို့လည်း အသင့်ပဲလို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။

အာချေးပြည်နယ်ဟာ ၂၀၀၄ ဆူနာမီတုံန်းက ငလျင်ဗဟိုချက်မနဲ့ အနီးကပ်ဆုံး ဖြစ်ခဲ့ပြီး ဒေသတွင်းနိုင်ငံတွေက လူ သိန်းနဲ့ချီ သေဆုံးခဲ့ကြတာလည်း ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/61934

ဓာတ်ပုံ - abc.net.au

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform