စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 25 August 2014

အီဘိုလာ ဗိုင်းရပ်စ်ကြောင့် ဆရာဝန်တစ်ဦး ထပ်မံ သေဆုံး

အီဘိုလာရောဂါပိုး ​ကူးစက်ခံရသူတွေကို ​ကုသရာက ​အီဘိုလာရောဂါ ​ကူးစက်ခံရသူ ​ဆရာဝန်နောက်တစ်ဦး ​သေဆုံးခဲ့ရပါတယ်။

လိုင်ဘေးရီးယားနိုင်ငံက ​ဆရာဝန်ကို ​အခုလောလောဆယ် ​စမ်းသပ်နေဆဲ ​အီဘိုလာ ​တိုက်ဖျက်ရေး ​ဆေးဝါးနဲ့ ​ကုသခဲ့ပေမယ့် ​အောင်မြင်မှု ​မရပဲ ​ဒေါက်တာ ​Abraham ​Borbor ​က ​သေဆုံးခဲ့တာ ​ဖြစ်ပါတယ်။

အခု ​စမ်းသပ်ကုသနေတဲ့ ​ဆေးကို ​Z-mapp ​လို့ခေါ်ပြီး ​အဲဒီဆေးကိုပဲ ​အမေရိကန်နိုင်ငံသား ​ကျန်းမာရေးလုပ်သားတွေကို ​အမေရိကန်မှာ ​ကုသတဲ့အခါ ​အီဘိုလာရောဂါ ​သက်သာလာတာကို ​တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ ​အဲဒီဆေးနဲ့ပဲ ​ကုသမှုခံယူတဲ့ ​လိုင်ဘေးရီးယား ​ဒေါက်တာက ​သေဆုံးသွားတဲ့အတွက် ​အဲဒီဆေးက ​တကယ်ပဲ ​ရောဂါပျောက်ကင်းစေသလားဆိုပြီး ​မေးခွန်းထုတ်နေကြပါတယ်။

အီဘိုလာ ​ရောဂါပိုးကြောင့် ​လူပေါင်း ​၁၄၀၀ ​ကျော်သေဆုံးခဲ့ရပြီး ​အဲဒီအထဲမှာ ​ကျန်းမာရေးလုပ်သား ​၇၀ ​နီးပါးလည်း ​သေဆုံးရပြီ ​ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ​အာဏာပိုင်တွေကတော့ ​တုတ်ကွေးရောဂါတိုက်ဖျက်ရေးဆေးတစ်မျိုးက ​အီဘိုလာ ​ကုသရေးမှာ ​အထောက်အကူဖြစ်နိုင်တယ်လို့လည်း ​ပြောဆိုလာပြီး ​အဲဒီဆေးကို ​ပေးဖို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​တောင်းဆိုလာမယ်ဆိုရင် ​ဂျပန်က ​ပေးကမ်းသွားမယ်လို့လည်း ​ကမ်းလှမ်းထားတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​Martin ​Cuddihy ​က ​သတင်းပေးပို့ထားပါတယ်။

By Suzanne Smith and Adam Bailes
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-26/1360858

အီဘိုလာပိုး ကူးစက်ခံရတဲ့ အမျိုးသမီးတစ်ဦး Kenema အစိုးရ ဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ် (Credit: Reuters) 

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform