စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 27 August 2014

မေး။၁၄၁။အရေးကြီးဆုံးနဲ့ အရေးမကြီးဆုံးကဘာလဲ???

မေး။၁၄၁။အရေးကြီးဆုံးနဲ့ အရေးမကြီးဆုံးကဘာလဲ???
=========================
"လူ့ဘ၀မှာ.. ကံ,ဥာဏ်,၀ိရိယ ဆိုပြီး..၃ ပါး ရှိပါတယ်.. ကံမကောင်းရင်တောင်မှ.. ဥာဏ်နဲ့ ၀ိရိယ ကို ကိုယ်ပိုင်ထားမယ်ဆိုရင်.. ကိုယ့် ဘ၀ရဲ့ သုံးချိုး နှစ်ချိုးကို.. ကိုယ့်စိတ်ကြိုက်ဖန်တီးနိုင်ပြီလို့မှတ်ပါ" တဲ့... အဲ့ သုံးပါးထဲမှာ.. အရေးကြီးဆုံးက ဘာဖြစ်မလဲ.. ပြီးတော့.. အရေးမကြီးဆုံးကတော့.. ဘာဖြစ်မယ်ထင်ပါသလဲ.....
ကံကောင်းလို့.. အောင်မြင်သွားတာလည်းရှိတယ်..
ဥာဏ်ကောင်းလို့.. အောင်မြင်သွားတာလည်းရှိတယ်..
ဝိရိယကောင်းလို့.. အောင်မြင်သွားတာလည်း ရှိပါတယ်.........။
ကံ က အရေးမပါဆုံးလို့..ဖြေရအောင်ကလည်း...
ကြားဖူးတာက.." ကံ ဆိုတာ အလုပ်.. အလုပ်ကောင်းရင် ကံကောင်းမယ် " တဲ့...........။
ဝိရိယ က အရေးပါဆုံးလို့..ဖြေရအောင်ကလည်း..ဆရာတစ်ယောက်ဆုံးမဘူးတယ်..တင်ကြီး ငှက်နဲ့ ဗျိုင်းငှက်အကြောင်း.. တင်ကြီးငှက်ဟာ.. ဟိုး မိုးကောင်းကင်အမြင့်ကနေ.. ရေနက်ထဲကို သေချာကြည့်တယ်.. ငါးကိုတွေ့ပြီဆိုရင်.. ရေအောက်ထဲထိထိုးဆင်းပြီးတော့..ငါးဖမ်းတယ်ပေါ့..ငါးတစ်ကောင်ရသွားတယ်. ဗျိုင်းငှက်ကတော့..အဲ့လိုမဟုတ်ဘူး.. ဥာဏ်သမား.. ရေကမ်းစပ်မှာ ငြိမ်ငြိမ်လေးနေတယ်.. သူ့ဘေးနား ငါးလေးလာပြီဆိုမှ.. ထိုးပြီးဖမ်းလိုက်တယ်... အဲ့ ဥပမာ မှာ.. ငါးရတာချင်းတူပေမဲ့.... ဗျိုင်းငှက်ရဲ့ ဥာဏ်ကောင်းလို့..သက်သာမှုနဲ့..တင်ကြီးငှက်ရဲ့ဝိရိယကောင်းတဲ့ ပင်ပန်းမှုတွေက ကွာပြန်ရော........။
ဥာဏ်က အရေးပါဆုံးလို့ပြောရအောင်ကလည်း.." ဘယ်လောက်ဘဲ ဥာဏ်ကောင်းကောင်းပါ.. ၀ိရိယ မရှိရင်..ငပျင်းဘဲ..ပျင်းတဲ့အတွက်..အောင်မြင်မှု(အကျိုးအမြတ်) နဲ့ ဝေးရော" တဲ့.........။
ဒီတော့ ...အရေးကြီးဆုံးနဲ့ အရေးမကြီးဆုံးကဘာလဲ???
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform