စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 12 August 2014

ယောကျာင်္းတို့၏ လျှိုဝှက်ချက်

 ယောကျာင်္းတို့၏ လျှိုဝှက်ချက်
ဒီနေ့ စာရေးသူ ကျွန်တော် အလုပ်နားသော နေ့ဖြစ်ပါသည်။ ကျွန်တော် ပျင်းပျင်းရှိသည် နှင့် မအားလပ်ရွှေ့ မဖတ်ဖြစ်သေးသော Reader’s Digest ကို ကောက်ကိုင် ဖတ်ဖြစ်ပါသည်။ ထိုစာအုပ်တွင် ရင့်ကျက်သော ယောကျာင်္း တစ်ယောက်ဖြစ်ရန် အတွက် လျှိ့ဝှက်ချက် ဟု အဓိပါယ်ရသော ဆောင်းပါးကို အောက်ပါအတိုင်း စာရေးသူ ကျွန်တာ် ဖတ်ရှူ့မိသမျှကို ဆီလျော်အောင် ဘာသာပြန် ရေးသားလိုက်ရပါသည်။

ခင်ပွန်း တစ်ယောက် အပြင် ဖခင် တစ်ယောက်လည်း ဖြစ်သော မိုက်ကယ်သည် အနှစ် 50 ကျော် အိမ်ထောင်သက် ရှီနေပြီး ဖြစ်သော အဘိုး ဖြစ်သူအား ထို့သို့ မေးမြန်းခဲ့လေသည်။

ဘိုးဘိုး အိမ်ထောင်သည် ဘ၀ကို ဘယ်လို အောင်မြင်အောင် ကျော်ဖြတ်ခဲ့သလဲဟင်၊ ကျွန်တော် အိမ်ထောင်ကျတာ 2 နှစ်ရှိပြီ၊ 3နှစ် သက်တမ်းတိုးဖို့ မနည်း စဉ်စားနေရတဲ အချိန်မှာ ဘိုးဘိုး အိမ်ထောင်သက် 50 ရှီခဲ့တယ်၊ ကျွန်တော် မိန်းမ စိတ်သဘောကျအောင် ကျွန်တော် ဘာမဆို လုပ်ခဲ့တယ်၊ ဒါပေမဲ့ ဘယ်လိုမှ မပျော်ရွှင် ခဲ့ဘူး။

ဘိုးဘိုးလည်း အိမ်ထောင်ရှင် တစ်ယောက် ဖြစ်လာကတည်းက ငါမြေးလိုပဲ အခက်ခဲတွေ အများကြီး ကြုံတွေ့ ခဲ့ရတာပေါ့။ အိမ်ထောင်ရှင် ယောကျာင်္း တစ်ယောက် အတွက် ရင့်ကျက်ဖို့ အများကြီး လိုအပ်တယ်ဆိုတာ ဘိုးဘိုး သိပြီးနောက်တော့ ဒီခေတ် လူငယ်တွေသိဖို့ ခဲယဉ်းတဲ့ ယောကျာင်္း ရင့်မာ တစ်ယောက် ဖြစ်ဖို့ အကြောင်းတွေ၊ ခင်ပွန်း တစ်ယာက်ရဲ့ လုပ်ဆောင်ရမယ့် အကြောင်းအရာ ဗဟုသုတတွေ အများကြီး သင်ယူလေ့လာခဲ့ရတာပေါ့ ၊ ငါမြေးလည်း ရင့်ကျက်ဖို့ လေ့လာဦး ၊ကြိုးစားပါဦး၊ ငါ့မြေးရဲ့ မိန်းမ ဘာတွေ လိုအပ်နေတယ် ဆိုတာလည်း လေ့လာပါဦး လို့ အဘိုးက ပြန်ပြောခဲ့တယ်။

မိုက်ကယ် ကဲ့သို့ ယနေ့ ယောကျာင်္းတွေအကြောင်း ၊ အိမ်ထောင်ရှင် အမျီုးသားတွေ အကြောင်း ကြားသိရတဲ့ သတင်းတွေကျွန်ုပ်တို့ အတွက် စိတ်ရှုပ်ထွေးစရာ ကောင်းလှပါတယ် လို့ စာရေးဆရာ အီလီရော့ကက်ဇ်က ပြောခဲ့ပါတယ်။ ယောကျာင်္းတို့၏ ပြသာနာများကို ကက်ဇ်က သူရေးသားခဲ့ သော ရင့်ကျက်သော ယောကျာင်္း တစ်ယောက် ဖြစ်စေလိုသော မိန်းမတို့၏ ဆန်ဒ ဟူသော စာအုပ်ထဲမှာ စိတ်ကူးယဉ် ဇာတ်ကောင် နှစ်ယောက် ဖြစ်သော မိုက်ကယ်နှင့် သူ၏ အဘိုးဘိုးတို့ အသိပညာ ဖလှယ်သော စကား ပြောပုံနှင့် တန်ဆာဆင် တင်ပြထားပါတယ်။ အမျိုးသား တစ်ဦးအတွက် မိမိ၏ တွဲဖော် အိမ်ထောင်ဘက် အမျိုးသမီး တစ်ဦး၏ အထင်ကြီး လေးစားမူ ၊ အားကိုးမူသည် စိတ်ကျေနပ်ဖွယ် ကောင်းလှသလို အိမ်ထောင် တည်မြဲရန်လည်း အရေးပါလှပါတယ်။ မိုက်ကယ်နှင့် သူ၏ ဘိုးဘိုးတို့ အသိဖလှယ် ဆွေးနွေးရာမှ ရရှိလာသော ယောကျာင်္းများ အတွက် လျှိဝှက်ချက် သင်ခန်းစာ အချို့ကတော့ အောက်ပါ အချက်ကလေးတွေပါပဲ။ အမျိုးသမီးများ၏ သဘော နားလည်ဖို့ လိုအပ်သလို စွမ်းအား ရှိသော ရင့်ကျက်သည့် အမျိုးသားများ ဖြစ်စေမည့် လျှိဝှက်ချက်ကလေး အချို့ပါပဲ။

(၁) ဦးဆောင်နိုင်မူ အရည် အချင်း ရှိကြောင်း ပြသပါ။

ဖြေရှင်းပေးရန် လိုသည့် မည့်သည် ပြသာနာမဆို ကြုံတွေ့ပါက ယောကျာင်္းတစ်ယောက်၏ နေရာနှင့် ဦးဆောင်နိုင့်သည့် အရည်အချင်း ပြသသည့် အနေနှင့် ရင်ဆိုင် ဖြေရှင်းပေးပါ။ အမျိုးသမီးများသည် မိမိတို့၏ ပြသာနာများကို မိမိ အမျိုးသားမှ မဆိုင်းမတွ ဖြရှင်းပေးစေချင်ကြပ်ါသည်။ ပြသာနာ ဖြေရှင်းရာတွင် အခြားသူများကို မေမျာ်လင့် စောင့်ဆိုင်း အာကိးုးနေခြင်းကို မကြိုက် မနှစ်သက် ကြပါ။ (အမျီုးသမီးများ အနေနှင့် မိမိ၏ အမျိုးသားသည် မိမိ၏ အားကိုးထိုက်သည့်သူ၊ အထင်ကြီး ရမည့်သူ ဖြစ်စေချင်ပါသည်။) ယောကျာင်္း တစ်ယောက် အနေနှင့် ဦးဆောင် နိုင်သော အရည်အချင်း ၇ှိကြောင်း၊ ဦးဆောင်နိုင်သူ ဖြစ်ကြောင်းကို ပြသပါ။

(၂)ဆုံးဖြတ်ချက် ပေးနိုင်ပါစေ။

ကိစွတစ်ခုကို ဆုံးဖြတ်ချက် ပေးရန် ငြင်းဆိုခြင်းသည် သင့် တာဝန် ယူရန် ငြင်းဆိုခြင်းပင် ဖြစ်သည်။ မင်းဘာသာ ဆုံးဖြတ်ပါ၊ မင်းပဲ ဆုံးဖြတ်ပါ ဟု ဘယ်တော့မှ မပြောမိပါစေနှင့်။ ထို့သို့ ပြောခြင်းသည် အမျိုးသမီးကို စားဦးပေးခြင်း ဖြစ်ရွှေ့ ကောင်းမွန်သည်ဟု ယူဆပြီး ကျေနပ်မနေပါနှင့်။ သင့် အမျိုးသမီးအား စိတ်ပျက်စေပြီး သင့်ကို စိတ်ကုန်သွားစေနိုင်ပါသည်။ တောင်းဆိုမူ ရှိလာက သို့မဟုတ် လိုအပ်လာပါက ယောကျာင်္း တစ်ယောက် အနေနှင့် အရေးမကြီးသော ကိစွ ဟုယူဆရွှေ့ လည်းကောင်း ၊ အမျိုးသမီးအား ဦးစားပေးလိုရွှေ့ လည်းကောင်း ၊ အခြားအကြောင်းကြောင့် လည်းကောင်းဆုံးဖြတ်ချက်ပေးရန် မငြင်းဆိုပါနှင့်။ ငှင်းကိစွ အတွက် သင့် တာဝန် မယူလိုခြင်း ၊ မှားယွင်းသွားနိုင်သော ဆုံးဖြတ်ချက် အတွက် သင့်တာဝန် မယူလိုခြင်း သဘော ၊ ပျော့ညံ့သော သဘော ဆောင်နေပါသည်။

(၃)တာဝန် ယူတတ်နိုင်ပါစေ။

အကယ်ရွှေ့ ပြသာနာ အခက်အခဲ တစ်စုံတရာ ဖြစ်လာပါက ပြေလည်အောင် သင့် တာဝန်ယူ ဖြေရှင်းဖိုက ကြိုးစားပါ။ ဖြစ်ပေါ်လာသော ပြသာနာ အတွက် အခြားသူများကို အပြစ်တင် ပြောဆိုခြင်းသည် ဖြေရှင်းရမည့် မှန်ကန်သော နည်ူလမ်း မဟုတ်ပါ။ ရင့်ကျက်ပါ။ ပြသာနာကြောင့် ဖြစ်ပေါ်လာသော သင့်၏ စိတ်လှုပ် ရှား ခံစားမူနှင့် ဒေါသကို ထိန်းချူပ်ပါ။ ဒေါသဖြင့် ရင်ဆိုင် ဖြေရှင်းခြင်းသည် သင့်ကိုယ် သင့်ရော၊ သင့် ချစ်ခင် စောင့်ရှောက်နေရသော မိသားစုများကိုရော ထိခိုက် ခံစားစေပါသည်လို့ ထိုစာအုပ်ကလေးက ဆိုထားပါသည်။

စာရေးသူ ကျွန်တော် Reader’s Digest စာကို ဖတ်ပြီးသော အခါ မနှင့် ကျွန်တော်တို့ နှစ်ယောက် အကြောင်းကို စဉ်းစာ မိပါတယ်။ မ နှင့် ကျွန်တော် အိမ်ထောင် ကျသည်မှာ 2နှစ်ခန့် ရှိခဲ့ပါပြီး။ သားသမီး တစ်ယောက်မှ ဖွားမြင်ခဲ့မူ မရှိခဲ့ပါ ။ သို့သော်လည်း ကျွန်တော်တို့ နှစ်ယောက်ဟာ အခုချိန်မှာ ဆွေမျိုးသားချင်းများက ပြောရလောက်အောင် မျက်နှာချင်း ဆိုင်တာနှင့် တကျက်ကျက် ဖြစ်ရတာဟာ ဘာကြောင့်လဲ ။ ကျွန်တော်တို့ နှစ်ယောက် အမှတ်မထင် ဆုံတွေ့ ခဲုံ့ကြပြီး ချစ်ခင်မူကို အရင်းခံကာ တစ်ယောက် အကြောင်းကို တစ်ယောက် က သိရှိ နားလည်ခဲ့ကြတယ်လို့ ယုံကြည်စိတ်ဖြင့် လက်ထပ်ခဲ့ကြတာဖြစ်ပါတယ် ။ ချစ်ခင် လျက် တကျက်ကျက် ဖြစ်ရတာကို ပြောပါများလာတဲ့ ဆွေမျိုးသားချင်း မိတ်ဆွေများ အကြား ကျွန်တော် ဖြေရှင်းချက် ပေးတဲ့ ၊ ထန်းလက်နှင့် ကာတဲ့ စကားလေးကတော့ တကျက်ကျက်နှင့် စီးပွားတတ် ဟူုသာ ဖြစ်ပါတယ်။

ဒါပေမယ့် မ နှင့် ကျွန်တော် တကျက်ကျက် ဖြစ်ရတဲ့ အကြောင်းကို ဆန်းစစ်ဖို့ လိုလာပြီး ဟု အသိရလာခဲ့ပါတယ်။ အိမ်ထောင်သည် ဖြစ်လာရတဲ့ ကျွန်တော်တို့ မြန်မာပြည်မှာ နေသော ယောကျာင်္းလေးတွေ အနေနှင့် မိမိဇနီးသည်က မိမိအပေါ် လေးစားမူ ၊ ရိုသေမူ ၊ အိမ်ဦးနတ်လို့ အားကိုး ယုံကြည်မူကို ရယူပိုင်ဆိုင်လိုကြပါတယ်။ မိမိဟာ အိမ်ဦးနတ် ၊ လူစွမ်းကောင်းကြီး မဟုတ်ပေမယ့်လည်း မိမိဇနီးသည်က မိမိကို အထင်ကြီးလေးစားရတဲ့ ၊ အားကိုးယုံကြည်ရတဲ့ လူတစ်ယောက် ဖြစ်အောင် အစဉ်အမြဲ ကြိုးစားနေရမယ် ၊ ဦးဆောင်သူ ဖြစ်နေရမယ် ၊ ဖြစ်လာတဲ့ ပြသာနာ အတွက် တတ်နိုင်ပါက တစ်ဦးကို တစ်ဦး အပြစ်မတင်ပဲ အနည်းဆုံး ပူပေါင်းဖြေရှင်း တတ်ဖို့ လိုအပ်ပါတယ် ။ အခုတော့ မ က ဖြစ်ပေါ်လာတဲ့ ပြသာနာ အကြီးအသေး မဟူ၊ မည့်သူကြောင့် ဖြစ်ပေါ်ရတဲ့ ပြသာနာလို့ မသိရခင် ကျွန်တော် အပေါ်ကို အပြစ်တင်ဖို့ အရင် ဖြစ်နေတာကို တွေ့ရပါတယ်။ အဆင်မပြေမူကြောင့် ဖြစ်ပေါ်လာသော ဒေါသဟာ အလိုအလျောက် ကျွန်တော် အပေါ် ပုံကျလာပါတော့တယ်။ မဟုတ် လျင် မခံတတ်တဲ့ ကျွန်တော်နှင့် အပြစ်တင်တတ်တဲ့ မ နဲ့ တကျက်ကျက် ဖြစ်ပြီးပေါ့။ မရဲ့ ဒေါသ နှင့် စိတ်ဖိစီးမူ အတွက် ထွက်ပေါက်ရရန် ကျွန်တော် အပေါ် အပြစ်နှင့် ဒေါသကို ပုံချလိုက်တာကို နားလည် မိပေမဲ့ မိမိလည်း သီးခံဖို့ အင်အား နည်းပါးခဲ့တာကလည်း ကျွန်တော်ရဲ့ အားနည်းချက်ပါပဲ။ အပြစ်ရှာခြင်းဟာ အပြစ်တင်ဖို့ သက်သက်ထက် အမှန်ကို သိဖို့၊ အမှားကို ဖြေရှင်းနိုင်ပြီး နောင် မမှားအောင် သတိထားနိုင်ဖို့ ၊ အမှား သေချာခဲ့လျှင်လည်း တစ်ကြိမ် တစ်ခါ အမှားကိုတော့ သတိပေးခြင်းဖြင့် ခွင့်လွတ် နိုင်ဖို့တော့ လိုမယ် ထင်ပါတယ်။ မ နှင့် ကျွန်တော် ဆက်လက် ပေါင်းစည်း နေသေးတာ ကိုယ့်အမှား ကိုယ် သိပြီး ပြန်လျော့နေကြလို့ပဲ ဖြစ်ပါတယ်။ လင်မယား ဆိုတဲ့ သံယောဇဉ်တွေရယ် ၊နှစ်ယောက်သား ခံယူထားကြတဲ့ ဘာသာရေး နှင့် လူမူရေးတွေရယ် ၊နှစ်ဦးသားရဲ့ ချစ်ခင် တွယ်တာ မူတွေက ကျွန်တော်တို့ကို ရှေ့ဆက် မတိုး မဆိုးအောင် တားဆီးနေတဲ့ အချက်တွေ ဖြစ်ပါတယ်။

အခု ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ။ ကျွန်တော်တို့ အသက်တွေကလည်း ကြီးလာကြပြီ။ ပတ်ဝန်းကျင် အလယ်မှာ တကျက်ကျက် ဖြစ်ရခြင်းဟာ မတင့်တော်တော့ဘူးဆိုတာ ကျွန်တော် ခံစားလာရပါပြီ။ ချစ်ခြင်းနှင့် သံယောဇဉ်၊ တစ်ယောက်နှင့် တစ်ယောက် နားလည်ခြင်း ၊ ခွင့်လွတ်ခြင်းတို့နှင့် ပေါင်းစည်းခဲ့ကြတဲ့ ကျွန်တော်တို့ နှစ်ယောက်ကြား မ လည်း အထက်က ဆောင်းပါထဲကလို မယားဝတ်တရာ ကျေပွန်ပြီး သည်းခံ နာခံတတ်တဲ့ မယားတစ်ယောက် ဖြစ်ရန်ကြိုးစားရင်း၊ ကျွန်တော်လည်း မ လေးစားရတဲ့၊ ရင့်ကျက်တဲ့ အိမ်ဦးနတ် ဖြစ်အောင် ကြီုးစားရင်း ၊တကျက်ကျက်နှင့် စီးပွားတတ် မဟုတ်ပဲ ချစ်တသက်သက်ဖြင် စီးပွားတတ် ဖြစ်ရအောင် မကို ကျွန်တော် ပြောပြမယ်လို့ စဉ်းစားရင်း ကျေနပ်မိပါတော့တယ်…။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform