စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 10 August 2014

မဟာဧရာ ငွေသော်တာ (သို့မဟုတ်) Supermoon 2014

အခု ၂၀၁၄-ခုနှစ် သြဂုတ်လ ၁၀-ရက်နေ့ည ဟာ မဟာသော်တာ လို့ ဆိုရမယ့် စူပါမွန်း (Supermoon) ထွန်းလင်းမယ့် ညပဲဖြစ်ပါတယ်။ စူပါမွန်း ကြောင့် ဘာဘေးအန္တရာယ်တွေ ဖြစ်လာမလဲ ဆိုရင် …

...
...
...
ဘာမှ မဖြစ်ပါဘူး … သော်တာလမင်းဟာ ဒီညမှာ ခါတိုင်းထက် ၁၄% ပိုမို ကြီးမားပြီး ၃၀% ပိုမိုထွန်းလင်းတောက်ပစွာ ရောင်ဝါဖြာလင်းပါလိမ့်မယ်။
ဒီ စူပါမွန်းအကြောင်းကို ဗြိတိသျှနိုင်ငံရဲ့ “The Independent” သတင်းစာကြီး အဆိုအရ အနည်းငယ် ဖော်ပြပါမယ်။

စူပါမွန်းကို သိပ္ပံပညာအရ perigee moon လို့ ခေါ်ပါတယ်။ perigee ဆိုတာ “ကမ္ဘာနဲ့ အနီးဆုံးနေရာ” လို့ အဓိပ္ပာယ် ရပါတယ်။ လမင်းဟာ လပြည့်ချိန်မှာ ကမ္ဘာနဲ့ အနီးဆုံးကိုရောက်နေတဲ့ ဖြစ်ရပ်ကို ပြောတာပါပဲ။ လဟာ ကမ္ဘာနဲ့ ပိုနီး လာတဲ့အတွက် ပိုကြီးကြီးမြင်ရပြီး အလင်းရောင်လည်း ပိုရတာ ဖြစ်ပါတယ်။ ဒီတခါ စူပါမွန်းက ခါတိုင်းထက် ၁၄% ပိုမို ကြီးမားပြီး ၃၀% ပိုလင်းမယ်လို့ ခန့်မှန်းထားကြပါတယ်။

နောက် စူပါမွန်းက ဒီတရက်တည်း မဟုတ်ပါဘူး။ ခုတလော မကြာခဏ ဆိုသလို ဖြစ်နေတယ် ပြောရမှာပါ။ ဒီနွေရာသီ (ဥရောပမှာ ဇွန် ကနေ သြဂုတ်လ အထိကို နွေရာသီ ခေါ်ပါတယ်) ရဲ့ စူပါမွန်း သုံးကြိမ်မှာ ခုဟာက ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ပထမတကြိမ်က ဇူလိုင်လ ၁၂-ရက်နေ့မှာ ဖြစ်ခဲ့ပြီးပါပြီ။ နောက်တကြိမ်က စက်တင်ဘာလ ၉-ရက် နေ့မှာ ဖြစ်ပါလိမ့်ဦးမယ်။ ဒါမျိုး သုံးကြိမ်ဆက်တိုက်ဆိုသလို ဖြစ်တာမျိုးကတော့ ရှားပါးတယ် ပြောရပါမယ်။ အဲဒီလို ဆက်တိုက်ဖြစ်တာမျိုးကိုတော့ နောက်ထပ် အနှစ်နှစ်ဆယ်လောက် စောင့်ရဦးမှာမို့ ၂၀၃၄-ခုနှစ် မှပဲ ထပ်တွေ့ရတော့မှာပါ။ ဒါပေမဲ့ ပုံမှန်အားဖြင့်တော့ စူပါမွန်းဟာ အကြမ်းဖျဉ်းအားဖြင့် ၁၃-လ တကြိမ်လောက် ဖြစ်လေ့ရှိပါသတဲ့။
နောက်ထပ် ဖြစ်ဦးမယ့် နေ့တွေကတော့ ...
၂၀၁၄၊ စက်တင်ဘာ ၉-ရက်
၂၀၁၅၊ စက်တင်ဘာ ၂၈-ရက်
၂၀၁၆၊ နိုဝင်ဘာ ၁၄-ရက်
၂၀၁၈၊ ဇန်နဝါရီ ၂-ရက် နေ့တွေပဲ ဖြစ်ပါတယ်။

ဒီနေ့ ဖြစ်မယ့် စူပါမွန်းက ထူးခြားတာကတော့ လွန်ခဲ့တဲ့ အနှစ်-၂၀ အတွင်း ကမ္ဘာနဲ့ အနီးဆုံး ချဉ်းကပ်လာမှုပါပဲ။ ဂရင်းနစ် စံတော်ချိန် ည ၆ နာရီ ၁၀ မိနစ် (မြန်မာစံတော်ချိန် ည ၁၁-နာရီ ၄၀-မိနစ်) ဝန်းကျင်မှာ ၂၆-မိနစ်တာ ကာလအထိ ကမ္ဘာနဲ့ အနီးဆုံးအကွာအဝေး (မိုင်ပေါင်း ၂၂၁၇၆၅ မိုင်အတွင်း) ချဉ်းကပ်ဝင်ရောက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ဥက္ကာပျံတွေ ကြယ်ကြွေမှုတွေ ၁၀၀-ကျော်လည်း ဖြစ်ပေါ်မှာမို့ ကောင်းကင်ယံမှာ ကြယ်စင်မိုးတွေ ဝေဖြာသွန်းဖြိုးနေတာ မြင်ကြရပါမယ်။

ဒီ စူပါမွန်းကြောင့် ဒီရေကတော့ အနည်းငယ်တက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေ စိုးရိမ်နေသလို ဆူနာမီလို လှိုင်းလုံးကြီး တွေ တလိမ့်လိမ့် တက်မှာတော့ မဟုတ်ပါဘူး။ ပုံမှန် လပြည့်ရေ ထက် နည်းနည်းပဲ ပိုမယ်လို့ ခန့်မှန်းထားကြပါတယ်။

ခု မြန်မာပြည်သူတချို့ စိုးရိမ်မကင်း ဖြစ်နေကြသလို မဟာသော်တာ စူပါမွန်းကြောင့် ငလျင်တွေလှုပ်မယ်၊ မုန်တိုင်းတွေ တိုက်မယ်၊ ရေတွေကြီးမယ်၊ ကမ္ဘာပျက်ကိန်းဆိုက်မယ် ဆိုတာတွေဟာ တခုမှ ဖြစ်ပေါ်လာမှာ မဟုတ်ဘူး ဆိုတာကို ရဲရဲကြီး အာမခံလိုက်ပါရစေ ခင်ဗျား …

ဟယ်ရီလွင်

Ref: http://www.independent.co.uk/news/science/supermoon-2014-all-you-need-to-know-about-this-sundays-supermoon-9658849.html

Photo credit to:http://imgs.abduzeedo.com/files/articles/supermoon/supermoon1.jpg?w=880
 — with Min Nway and 55 others.

Photo: မဟာဧရာ ငွေသော်တာ (သို့မဟုတ်) Supermoon 2014

အခု ၂၀၁၄-ခုနှစ် သြဂုတ်လ ၁၀-ရက်နေ့ည ဟာ မဟာသော်တာ လို့ ဆိုရမယ့် စူပါမွန်း (Supermoon) ထွန်းလင်းမယ့် ညပဲဖြစ်ပါတယ်။ စူပါမွန်း ကြောင့် ဘာဘေးအန္တရာယ်တွေ ဖြစ်လာမလဲ ဆိုရင် …
…
...
...
...
ဘာမှ မဖြစ်ပါဘူး … သော်တာလမင်းဟာ ဒီညမှာ ခါတိုင်းထက် ၁၄% ပိုမို ကြီးမားပြီး ၃၀% ပိုမိုထွန်းလင်းတောက်ပစွာ ရောင်ဝါဖြာလင်းပါလိမ့်မယ်။ 
ဒီ စူပါမွန်းအကြောင်းကို ဗြိတိသျှနိုင်ငံရဲ့ “The Independent” သတင်းစာကြီး အဆိုအရ အနည်းငယ် ဖော်ပြပါမယ်။

စူပါမွန်းကို သိပ္ပံပညာအရ perigee moon လို့ ခေါ်ပါတယ်။ perigee ဆိုတာ “ကမ္ဘာနဲ့ အနီးဆုံးနေရာ” လို့ အဓိပ္ပာယ် ရပါတယ်။ လမင်းဟာ လပြည့်ချိန်မှာ ကမ္ဘာနဲ့ အနီးဆုံးကိုရောက်နေတဲ့ ဖြစ်ရပ်ကို ပြောတာပါပဲ။ လဟာ ကမ္ဘာနဲ့ ပိုနီး လာတဲ့အတွက် ပိုကြီးကြီးမြင်ရပြီး အလင်းရောင်လည်း ပိုရတာ ဖြစ်ပါတယ်။ ဒီတခါ စူပါမွန်းက ခါတိုင်းထက် ၁၄% ပိုမို ကြီးမားပြီး ၃၀% ပိုလင်းမယ်လို့ ခန့်မှန်းထားကြပါတယ်။

နောက် စူပါမွန်းက ဒီတရက်တည်း မဟုတ်ပါဘူး။ ခုတလော မကြာခဏ ဆိုသလို ဖြစ်နေတယ် ပြောရမှာပါ။ ဒီနွေရာသီ (ဥရောပမှာ ဇွန် ကနေ သြဂုတ်လ အထိကို နွေရာသီ ခေါ်ပါတယ်) ရဲ့ စူပါမွန်း သုံးကြိမ်မှာ ခုဟာက ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ပထမတကြိမ်က ဇူလိုင်လ ၁၂-ရက်နေ့မှာ ဖြစ်ခဲ့ပြီးပါပြီ။ နောက်တကြိမ်က စက်တင်ဘာလ ၉-ရက် နေ့မှာ ဖြစ်ပါလိမ့်ဦးမယ်။ ဒါမျိုး သုံးကြိမ်ဆက်တိုက်ဆိုသလို ဖြစ်တာမျိုးကတော့ ရှားပါးတယ် ပြောရပါမယ်။ အဲဒီလို ဆက်တိုက်ဖြစ်တာမျိုးကိုတော့ နောက်ထပ် အနှစ်နှစ်ဆယ်လောက် စောင့်ရဦးမှာမို့ ၂၀၃၄-ခုနှစ် မှပဲ ထပ်တွေ့ရတော့မှာပါ။ ဒါပေမဲ့ ပုံမှန်အားဖြင့်တော့ စူပါမွန်းဟာ အကြမ်းဖျဉ်းအားဖြင့် ၁၃-လ တကြိမ်လောက် ဖြစ်လေ့ရှိပါသတဲ့။
နောက်ထပ် ဖြစ်ဦးမယ့် နေ့တွေကတော့ ...
၂၀၁၄၊ စက်တင်ဘာ ၉-ရက်
၂၀၁၅၊ စက်တင်ဘာ ၂၈-ရက်
၂၀၁၆၊ နိုဝင်ဘာ ၁၄-ရက်
၂၀၁၈၊ ဇန်နဝါရီ ၂-ရက် နေ့တွေပဲ ဖြစ်ပါတယ်။

ဒီနေ့ ဖြစ်မယ့် စူပါမွန်းက ထူးခြားတာကတော့ လွန်ခဲ့တဲ့ အနှစ်-၂၀ အတွင်း ကမ္ဘာနဲ့ အနီးဆုံး ချဉ်းကပ်လာမှုပါပဲ။ ဂရင်းနစ် စံတော်ချိန် ည ၆ နာရီ ၁၀ မိနစ် (မြန်မာစံတော်ချိန် ည ၁၁-နာရီ ၄၀-မိနစ်) ဝန်းကျင်မှာ ၂၆-မိနစ်တာ ကာလအထိ ကမ္ဘာနဲ့ အနီးဆုံးအကွာအဝေး (မိုင်ပေါင်း ၂၂၁၇၆၅ မိုင်အတွင်း) ချဉ်းကပ်ဝင်ရောက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ဥက္ကာပျံတွေ ကြယ်ကြွေမှုတွေ ၁၀၀-ကျော်လည်း ဖြစ်ပေါ်မှာမို့ ကောင်းကင်ယံမှာ ကြယ်စင်မိုးတွေ ဝေဖြာသွန်းဖြိုးနေတာ မြင်ကြရပါမယ်။

ဒီ စူပါမွန်းကြောင့် ဒီရေကတော့ အနည်းငယ်တက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေ စိုးရိမ်နေသလို ဆူနာမီလို လှိုင်းလုံးကြီး တွေ တလိမ့်လိမ့် တက်မှာတော့ မဟုတ်ပါဘူး။ ပုံမှန် လပြည့်ရေ ထက် နည်းနည်းပဲ ပိုမယ်လို့ ခန့်မှန်းထားကြပါတယ်။

ခု မြန်မာပြည်သူတချို့ စိုးရိမ်မကင်း ဖြစ်နေကြသလို မဟာသော်တာ စူပါမွန်းကြောင့် ငလျင်တွေလှုပ်မယ်၊ မုန်တိုင်းတွေ တိုက်မယ်၊ ရေတွေကြီးမယ်၊ ကမ္ဘာပျက်ကိန်းဆိုက်မယ် ဆိုတာတွေဟာ တခုမှ ဖြစ်ပေါ်လာမှာ မဟုတ်ဘူး ဆိုတာကို ရဲရဲကြီး အာမခံလိုက်ပါရစေ ခင်ဗျား …

ဟယ်ရီလွင်

Ref: http://www.independent.co.uk/news/science/supermoon-2014-all-you-need-to-know-about-this-sundays-supermoon-9658849.html

Photo credit to: http://imgs.abduzeedo.com/files/articles/supermoon/supermoon1.jpg?w=880

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform