စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 17 August 2014

တာမွေမြို့နယ်ရှိ (၆)လွှာတိုက်ခန်း၏ အမိုးနဖူးစီးပြုတ်ကျမှုဖြစ်

၁၇.၈.၂၀၁၄ရက်နေ့ ၀၉၄၀အချိန် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ သမာဓိလမ်း၊ အမှတ် ၈၃၆ရှိ (၆)လွှာအပေါ်ဆုံးထပ်၏ အမိုးနဖူးစီးပြုတ်ကျကြောင်း သတင်းအရ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်အဖွဲ့၊ တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေး ခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတိုက်၏ အပေါ်ဆုံးထပ် (၆)လွှာခေါင်းရင်းခန်းမှ အုတ်ဖြင့်ပြုလုပ်ထားသော (၁၂×၁)ပေခန့်ရှိ အမိုးနဖူးစီးမှာ ဟောင်းနွမ်းဆွေးမြေ့ကာ ပြုတ်ကျခဲ့သဖြင့် မြေညီထပ်ခေါင်းရင်းခန်း၏ ဆန်းရှိတ်အမိုးသွပ်ပြား (၄)ချပ်ခန့်ပျက်စီးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။

အဆိုပါတိုက်ခန်းနေ မိသားစုဝင်များကို မေတ္တာညွန့်ရပ်ကွက်၊ ဒဂုံလွင်လမ်းနှင့် သမာဓိလမ်းထောင့်ရှိ ပုညကာရီဓမ္မာရုံသို့ ယာယီပြောင်းရွှေ့နေထိုင်ရန် တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform