စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday 14 August 2014

ဖန်ဆင်းရှင်ရှိနိုင် / မရှိနိုင်..???

။ ဖန်ဆင်းရှင်ရှိနိုင် / မရှိနိုင်..???
Buddhism မှတစ်ပါး ကျန်ဘာသာအားလုံးဟာ ဖန်ဆင်းရှင်နတ်ဘုရား(လူသားဘုရားမဟုတ်)ကို လက်ခံယုံကြည်ကြပါတယ်။ ဘာသာအားလုံးကို ခြုံငုံပြောရရင် ဖန်ဆင်းရှင်များဟာ ကျနော်တို့နိုင်ငံရဲ့ငွေကြေး ဈေးကွက်လို အလွန်ဖောင်းပွနေတာကို တွေ့နိုင်ပါတယ်။ Haindu မှာ ( Brahama) ဂျူးမှာ (Gehovah) ခရစ်မှာ(God) အစ်မှာ(Allah) ဆိုပြီးတော့ ဖန်ဆင်းရှင်ကိုယ်စီရှိကြပါတယ်။ ဖန်ဆင်းရှင်တစ်ဦးဦးက အမှန်ဖြစ်ခဲ့လျင် ကျန်ဖန်ဆင်းရှင်ဝါဒအားလုံးဟာ အလိမ်အညာတွေချည်း ဖြစ်သွားပါလိမ့်မည်။ ဒါကြောင့်ဖန်ဆင်းရှင်ဘာသာဝင်တွေဟာ တစ်ဖက်နဲ့ တစ်ဖက်မှားတယ်လို့ ပုတ်ခတ်ပြောဆိုတာ
မျိုးမလုပ်ရဲပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဘဝတူဖြစ်နေကြလို့ပါပဲ။တစ်ခါတစ်ရံ သူတို့ဟာဖန်ဆင်းရှင်တစ်ဦးတည်းကို နာမည်ပြောင်းပြီး ကိုးကွယ်နေကြတာကိုလဲ ကြားရဘူးပါတယ်။
ဖန်ဆင်းရှင်တစ်ဦးတည်းကို နာမည်ပြောင်းပြီး ကိုးကွယ်တာပါလို့လဲ သူတို့ဝန်မခံကြပါဘူး။
အကြောင်းကတော့ နောက်မှပေါ်တဲ့ ခရစ် နဲ့ အစ်တို့ဟာ Haindu နဲ့ ဂျူးဖန်ဆင်းရှင်တွေကိုပဲ နာမည်ပြောင်းပြီးကိုးကွယ်နေရသလိုဖြစ်နေလို့ပါပဲ။သမိုင်းအကြာင်းမရှိတဲ့အတွက် မရေရာမသေချာတဲ့ဟောပြောချက်တွေကိုပဲ စမ်းတဝါးဝါးနဲ့ လက်ခံယုံကြည်နေရရှာပါတယ်။
ကျွန်တော်တို့ ကမ္ဘာကြီး တစ်ခုလုံးကို ဖန်ဆင်းရှင်တစ်ဦးဦးကဖန်ဆင်းခဲ့တယ်ဆိုတဲ့အချက်ကို Scientist တွေကလက်မခံကြပါဘူး။သူတို့ သုတေသနပြုလိုက်တဲ့အခါမှာ ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့တဲ့ အရိပ်အရောင်(သို့)သက်သေခံအထောက်အထား(သို့)သဲလွန်စတစ်ခုမှမတွေ့ရပါဘူး လို့သာ Scientist တွေဆိုခဲ့ကြတာပါ။ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့တယ်ဆိုရင်လဲ အဲဒိဖန်ဆင်းရှင်ဟာ အဂတိလိုက်စားတတ်ပါသလားဆိုတာစဉ်းစားစရာရှိပါတယ်။ဘာကြောင့်လဲဆိုရင် ထိုဘုရားရှင်ဟာ လူတွေကိုပဲဖြစ်ဖြစ် World's Living things တွေကိုပဲဖြစ်ဖြစ်ဘက်လိုက်ပြီးမညီမမျှ ဖန်ဆင်းခဲ့လို့ပါပဲ။ဖန်ဆင်းရှင်မဖန်ဆင်းခဲ့တဲ အခြားအခြားသော ဂြိုဟ်တွေ ကြယ်တာရာတွေ ဘီလျံပေါင်းမရေမတွက်နိုင်အောင် တွေ့ရှိရခြင်းဟာလဲ ဖန်ဆင်းရှင်ကိုပိုမိုသံသယရှိစေပါတယ်။
အရာအားလုံးကိုဖန်ဆင်းခဲ့တယ်ဆိုရင်လည်း လူအများအခြင်းမပွားဖို့ အမှတ်အသားအထင်အရှား
ချန်ထားခဲ့သင့်ပါတယ်။
သိပ္ပံ ပညာရပ်များနဲ့ ယုတ္တိဗေး ပညာရပ်များအလွန်ပင်ထွန်းကားတဲ့ ယနေ့ကမ္ဘာကြီးမှာ ဖန်ဆင်းရှင်ဝါဒအလွန်ပင်ကျယ်ပျံနေတာဟာ အံ့သြစရာအလွန်ကောင်းတဲ့အချက်တစ်ချက်
ဖြစ်ပါတယ်။
Brahama,Gehovah,God and Allah ဟူသောဖန်ဆင်းရှင်ဘုရားသခင်လေးဦးထဲတွင် တစ်ဦးဦး
အရင်ပေါ်ပြီး ဖန်ဆင်းလိုက်လျင် ကျန်သုံးဦးအတွက်ဖန်ဆင်းစရာကျန်မှကျန်မပါဦးမလား...?
အရင်ပေါ်တဲ့တစ်ဦးက ပြိုင်ဘက်လိုချင်လို့ကျန်သုံးဦးကိုဖန်ဆင်းခဲ့တာလား...? လေးဦးလုံး
တစ်ပြိုင်နက်ပေါ်တယ်ဆိုရင်လဲ တစ်ဦးနဲ့တစ်ဦးအလုအယက်ဖန်ဆင်းပြီး ဒီဘုရားတွေရန်မဖြစ်
ကြဘူးလား...? အဖြေကိုတော့ခုထိမသိရသေးပါဘူး။
အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်၊ မြို့တော် နက်ရှဘီးရဲ့ Bandarvip University မှာ ၁၉၈၇ ခုလောက်က(တစ်လနှစ်ြ့ကိမ်) ကျင်းပခဲ့တဲ့ Multi-Creed Seminer လို့ခေါ်တဲ့ ဘာသာပေါင်းစုံနှီးနှောဖလှယ်ပွဲ( ဘာသာပေါင်းစုံ Conference) မှာ Haindu, Jue,Christ,Islam
ဘာသာခေါင်းဆောင်တွေကို အထက်ပါအတိုင်းသီတကူဆရာတော်က မေးခွန်းထုပ်ခဲ့ပါတယ်။
ထိုအခါ ဂျူးဘုန်းတော်ြ့ကီးတစ်ပါးက သူတို့ရဲ့ Gehovah ဘုရားသခင်က အရင်ဆုံးပေါ်ခဲ့တယ်ဟု
ပြောဆိုခဲ့ပါတယ်။ ထိုအခါ-
သီတကူ ။ ။ ဒါဆို အခြားဘုရားတွေဖန်ဆင်းဖို့ချန်ထားခဲ့သေးလား ? ဒါမှမဟုတ်ရင်
နောက်ပေါ်ဘုရားတွေက ပထမဖန်ဆင်းပြီးသားကို Update(မွမ်းမံ)/ Upgrade(အဆင့်မြှင့်) လုပ်တဲ့အနေနဲ့ ဖန်ဆင်းခဲ့တာလား ? ။
ဂျူးဘုန်းကြီး။ ။ အဲဒါတော့ ကျုပ်လဲမဖြေတတ်ဘူးဗျာ..။
သီတကူ။ ။ မဖြေတတ် ဖြေတတ်အောင်ဖြေကွာ၊ နောက်တစ်ပတ်ဆွေးနွေးပွဲမှာ
မင်းရဲ့အဖြေကို ငါစောင့်မယ်..။
နောက်တစ်လဆွေးနွေးပွဲ ပြန်စတော့၊
သီတကူ ။ ။ (ဂျူးဘုန်းကြီးကို) မင်းအဖြေ ငါစောင့်နေတုန်းပဲလို့ မေးလိုက်တယ်
ဂျူးဘုန်းကြီး ။ ။ ဆက်စောင့်ပါဦးတဲ့..။
သီတကူဆရာတော်က ဆက်လက်ပြီးအမိန့်ရှိပါတယ် အမေရိကန်က ပြန်သာလာခဲ့ရတာ
အဲဒိ ဂျူးဘုန်းကြီးဆီက အဖြေမရခဲ့ဘူးဟု ဆိုသည်။ လောကမှာ ဖန်ဆင်းရှင် နတ်ဘုရား
ရှိမရှိဆိုတာ ဘုရားသခင်ပဲ သိပါလိမ့်မည် ခင်ဗျား...။
(သမိုင်းပေးတဲ့သင်ခန်းစာ/ မျိုးချစ်သူ ) ၏ အမှာစာမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform