စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 6 August 2014

WHO မှာ အီဘိုလာ ကိစ္စ အရေးပေါ် ဆွေးနွေး

အီဘိုလာ ရောဂါ တိုက်ဖျက်ရေး နည်းလမ်းသစ် တွေကို ဆွေးနွေးကြဖို့ ကမ္ဘာအနှံ့က ကျန်းမာရေး ပညာရှင်တွေဟာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO မှာ အရေးပေါ် တွေ့ဆုံ နေကြပါတယ်။

၂ ရက် ကြာမြင့်မယ့် ဒီတွေ့ဆုံပွဲကနေ ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးပေါ် အခြေအနေ သတ်မှတ်သင့် မသင့် ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းက ဆော်ဒီအာရေဗျ နိုင်ငံမှာ လူတစ်ဦး အီဘိုလာကြောင့် သေဆုံးတယ်လို့ ယူဆရပြီး ဒီသတင်း အတည်ပြုနိုင်ရင်တော့ အာဖရိက အပြင်ဘက်မှာ အီဘိုလာကြောင့် သေဆုံးရတဲ့ ပထမဆုံးသူ ဖြစ်လာမှာပါ။

နိုင်ဂျီးရီးယား နိုင်ငံမှာလည်း ဗုဒ္ဓဟူးနေ့က အီဘိုလာကြောင့် သူနာပြု တစ်ဦး ထပ်သေဆုံးခဲ့ရာမှာ သေဆုံးသူ ၂ ဦး ရှိသွားပြီး၊ အခြား ၅ ဦးမှာလည်း အီဘိုလာ ကူးစက်နေပြီး သီးသန့် ကုသပေးနေတယ်လို့ နိုင်ဂျီးရီးယား ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။

အနောက် အာဖရိကမှာ အီဘိုလာ ဗိုင်းရပ်စ်ကြောင့် အခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်း လူ ၉၀ဝ နီးပါး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/08/140806_ebola_experts_emergency_talks.shtml

 နိုင်ဂျီးရီးယားနိုင်ငံ Lagos လေဆိပ်မှာ ခရီးသည်တွေကို ရောဂါ ရှိမရှိ စစ်ဆေးနေ

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform