စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 29 August 2014

အနီးမီးယားဆိုတာဘာလည်း …..?

အနီးမီးယားဆိုတာဘာလည်း …..?
======================
အနီးမီးယားဆိုတာဟာ သွေးထဲမှာ ပုံမှန်ရှိရမယ့် သွေးနီဥတွင် အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသော အရာ သံဓါတ်ပါသောအရာ Hemoglobin ပမာဏသို့မဟုတ် သွေးနီဥဆဲလ် 1514058_573900152701522_210408273_nred blood cells (RBCs) တွေဟာ ပုံမှန်မမာဏထက်လျော့ နည်းနေခြင်းကို ဆိုလိုပါတယ် ။ တခါတလေမှာတော့ သွေးပမာဏ Blood volume လျော့နည်းနေခြင်း Hypovolemia ကိုလည်း အနီးမီးယားလို့ခေါ်ပါသေးတယ် ။ သွေးယိုခြင်းကြောင့်ဖြစ်ပေါ် တတ်တဲ့ သွေးပမာဏလျော့နည်းခြင်း Hypovolemia ဟာလည်း သွယ်ဝှိုက်သောနည်းနဲ့ အနီးမီးယားကို ဖြစ်စေပါတယ် ။ ဒါပေမယ့် hemoglobin ပမာဏကတော့ များနေပြီး hypovolemia ကိုဖြစ်စေတဲ့ အခြားအချက်တွေလည်း ရှိပါသေးတယ် ။ အဲဒါတွေကတော့ ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ အလွန်အမင်း အန်ခြင်းတို့ပဲဖြစ်ပါတယ် ။

ပုံမှန်သွေးပမာဏ လူတွေမှာ ဘယ်လောက်ရှိရမလည်း …..?

ပုံမှန်ရှိရမည့် ဟေမိုဂလိုဘင်ပမာဏ
ယောက်ျား …………………13.0 – 18.0 g/dl
မိန်းမ……………………….11.5 – 16.5 g/dl

အနီးမီးယားကို ဘာတွေက ဖြစ်ပေါ်စေသလဲ ….?

အသိများတဲ့ ထင်ရှားတဲ့ အနီးမီးယားဖြစ်ပေါ်စေတဲ့ အချက်တွေကတော့

သွေးထွက်များခြင်းကြောင့် အနီးမီးယားဖြစ်ခြင်း ။ ။ ရာသီလာတဲ့ သွေးပမာဏဟာ အလွန်အမင်း များပြားနေခြင်း ၊ သွေးထွက်များသော အနာများ ၊ အစာအိမ်နှင့် အူလမ်းကြောင်း တွင် အနာများဖြစ်ပေါ်ခြင်း ကင်ဆာများ အထူးသဖြင့် အူမကြီးကင်ဆာ စသည်တို့မှာ သွေးကို တဖြည်းဖြည်း ခြင်း စိမ့်ထွက်စေတဲ့ အတွက်ကြောင့် အနီးမီးယားကိုဖြစ်ပေါ်စေပါတယ် ။

Iron သံဓါတ်ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်သော အနီးမီးယား ။ ။ ရိုးတွင်းခြင်ဆီဟာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ဖို့အတွက် အိုင်းယွန်းကို လိုအပ်ပါတယ် ။ အိုင်းယွန်းဟာHemoglobin molecules တွေဖြစ်ပေါ်ဖို့ ပုံစံအတွက် အရေးကြီးတဲ့နေရာကနေ ပါဝင်ဆောင်ရွက်ပေးပါတယ် ။ အကယ်၍ အိုင်းယွန်းရရှိမှုဟာ ကန့်သတ်ထားတယ် ဒါမှမဟုတ်အစားအသောက်မှာ သံဓါတ်အလုံအလောက်မပါဝင် ဘူးဆိုရင် အကျိုးဆက်အနေနဲ့ အနီးမီးယား ဖြစ်နိုင်ပါတယ် ။ ဒါကိုတော့ Iron deficency anemia လို့ခေါ်ပါတယ် ။

နာတာရှည်ရောဂါများကြောင့် ဖြစ်ပေါ်သော အနီးမီးယား ။ ။ မည်သည့် နာတာရှည်ရောဂါမဆို အနီးမီးယားကို ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒါပေမယ့် တိကျတဲ့ဖြစ်စဉ်ကိုတော့ယနေ့တိုင် မသိရသေးပါဘူး ။ နာတာရှည် ရောဂါတွေနဲ့ ပိုးဝင်ခြင်း သို့မဟုတ် ကင်ဆာရောဂါတွေဟာ ဒီလိုမျိုး အနီးမီးယားကို ဖြစ်ပေါ်စေပါတယ် ။

ကျောက်ကပ်ရောဂါနှင့် ဆက်နွယ်သော အနီးမီးယား ။ ။ ကျောက်ကပ်ဟာ erythropoietin လို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို ထုတ်လုပ်ပေးပါတယ် ။ အဲဒီကောင်က ရိုးတွင်းခြင် ဆီတွေ သွေးနီဥဆဲလ်တွေ ထုတ်လုပ်တဲ့ နေရာမှာ ကူညီပေးပါတယ် ။ နာတာရှည်ကျောက်ကပ် ရောဂါရှိတဲ့လူတွေမှာ ဒီဟော်မုန်းထုတ်လုပ်မှုဟာ လျော့နည်းသွားပါတယ် ။ တဆက်တည်းမှာပဲ သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုဟာလည်း လျော့နည်းသွားပါတယ် ။ ဒီလိုမျိုးကိုတော့ anemia related to chronie kidney diseases လို့ခေါ်ပါတယ် ။

အာဟာရ ချို့တဲ့မှုကြောင့်ဖြစ်ပေါ်သော အနီးမီးယား ။ ။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေဟာ သွေးနီဥဆဲလ်ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ် ။ အိုင်းယွန်းအပြင် B12 နဲ့ folate ကလည်း hemoglobin ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ် ။ ဒီအထဲက ဘယ်အရာပဲ ဖြစ်ဖြစ်ချို့ယွင်းသွားမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ထုတ်လုပ်တာကိုလျော့နည်း သွားစေတဲ့ အတွက် အနီးမီးယားကို ဖြစ်ပေါ်စေပါတယ် ။ အာဟာရ ချို့တဲ့မှုဟာလည်း folate နဲ့ B12 ပမာဏလျော့နည်း ခြင်းကို ဖြစ်ပေါ်စေတဲ့ အရေးကြီးတဲ့ အချက်ပါပဲ ။ ဒါကြောင့် အသီးအရွက်ပဲစားသုံးသူတွေ ဗီတာမင်ကို လုံလုံလောက်လောက်မစားသုံးသူတွေဟာ B12 deficiency ဖြစ်ဖို့ အခွင့်အလမ်းများတဲ့ သူတွေဖြစ်ပါတယ် ။

Pernicious Anemia ။ ။ အစာအိမ်တွင် ပြသနာတခုခုရှိနေခြင်း သို့မဟုတ် အူတွေက ဗီတာမင်ဘီတွဲကို စုပ်ယူမှုနည်းခြင်းကြောင့် ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒီလိုမျိုး B12 deficiency ကြောင့်ဖြစ်ပေါ်တဲ့ အနီးမီးယားကို pernicious anemia လို့ခေါ်ပါတယ် ။

Sickle cell anemia ။ ။ အချို့လူတွေမှာ ပုံမှန်မဟုတ်တဲ့ hemoglobin molecules တွေထုတ်လုပ်တဲ့ပြသနာ ရှိတတ်ပါတယ် ။ ဒီလိုအခြေအနေမျိုးမှာဆိုရင် hemoglobin ဟာ ပမာဏရော လုပ်ငန်းဆောင်ရွက်မှုမှာပါ ပြဿနာရှိလာပါတယ် ။ ပုံမှန်မဟုတ်တဲ့ hemoglobin molecules တွေက သွေးနီဥပုံစံတွေကို မှုမမှန်ဖြစ်စေပြီး Crescent shaped ( sickle cells ) တံစဉ် ပုံစံလိုမျိုးဖြစ်ပေါ်စေပါတယ် ။သူ့ရဲ့ ပြင်းထန်မှု အဆင့်ပေါ်မှုတည်ပြီး Sickle cell anemia ကို အမျိုးအစားများစွာခွဲခြားနိုင်ပါတယ် ။ ဒါဟာ မျိုးရိုးလိုက်ပြီး African , Eastern နဲ့ Mediterranean တွေမှာဖြစ်လေ့ရှိပါတယ် ။

Thalassaemia ။ ။ ဟေမိုဂလိုဘင်နဲ့ ဆက်နွယ်ပြီး အနီးမီးယားကို ဖြစ်ပေါ်စေတဲ့ အခြားအုပ်စုတစ်ခုဖြစ်ပါတယ် ။ Thalassaemia အုပ်စုများစွာ ရှိပါတယ် ။ ရောဂါပြင်းထန်မှု အပေါ်မူတည်ပြီးကွဲသွားလေ့ရှိပါတယ် ။ မျိုးရိုးလိုက်လေ့ရှိပါတယ် ။Alcoholism ။ ။ အရက်သောက်သုံးသူတွေမှာ အာဟာရချို့တဲ့မှု ဗီတာမင်နဲ့သတ္တု ဓါတ်တွေ နည်းပါးမှုဟာ ဆက်နွယ်နေပါတယ် ။ အယ်ကိုဟော ဟာ သူ့ဘာသာ ရိုးတွင်းခြင်ဆီကို အဆိပ်အတောက်ဖြစ်စေပါတယ်။ သွေးနီဥတွေထုတ်လုပ်မှုကိုလည်း လျော့နည်းစေပါတယ် ။ရိုးတွင်းခြင်ဆီနှင့် ဆက်နွယ်နေသော အနီးမီးယား ။ ။ အချို့သော သွေးကင်ဆာ သို့မဟုတ် Lymphomas တွေဟာ သွေးနီဥထုတ်လုပ်မှုနှုန်းကို ပြောင်းလည်းစေပြီး သွေးဆဲတွေအားလုံးထုတ်လုပ်မှုကို နည်းစေပါတယ် ။ Hemolytic anemia ။ ။ ပုံမှန်သွေးနီဥရဲ့ ပုံစံဟာ သူ့လုပ်ငန်းဆောင်ရွက်မှုအတွက် အလွန်အရေးကြီးပါတယ် ။ ဒီမှာဆိုရင်တော့ သွေးနီဥဟာ ပေါက်ကွဲပြီး ဒါကို hemolysis လို့ခေါ်ပါတယ် ။ြ့ပီးတော့သူဟာ လုပ်ငန်းဆောင်ရွက်နိုင် ခြင်း မရှိတော့ပါဘူး ။ အခြားရှားပါးတဲ့ချက်တွေကတော ကင်ဆာတွေ အသဲရောဂါတွေ မျိုးဗီဇနဲ့ဆိုင်တာတွေ ခဲအဆိပ်သင့်ခြင်း AIDS နဲ့ သွေးယိုတဲ့ရောဂါတွေ ပဲဖြစ်ပါတယ် ။

Ref;emedicine health( october 6 2009)
;wikipedia
 — 

Photo: အနီးမီးယားဆိုတာဘာလည်း …..?

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform