စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 6 August 2014

တောင်ပြုံးနှင့် မောင်ဖုန်းများ

 မန္တလေးမြို့နဲ့ ၁၂-မိုင်လောက်ဝေးတဲ့ တောင်ပြုန်း ရွာကတော့ ၀ါခေါင်လ ရောက်လာပြီဆို၇င် တစ်နိုင်ငံလုံးက နတ်ပရိဿတ်တို့ စုံဆင်းလာကြတယ်။ ဗျတ်ဝိနဲ့ ဗျတ္တညီနောင်ထဲက ပန်းဆက် သမားလုပ်ပြီး ပုပ္ပားကမယ်ဝဏ္ဏ ကို ပိုးပမ်းချစ် ရေးဆို ခဲ့သူ ဗျတ္တမှာ သားနှစ်ပါးရှိတယ်။ေ ရွှ ဖျဉ်းကြီးနဲ့ရွှေဖျဉ်လေး(မင်းကြီး-မင်းလေး) ညီအကိုပါ။ အုတ်နှစ်ချပ်ပြစ်ဒဏ် နဲ့ သေဆုံးခဲ့ရာက နတ်ဖြစ်သွားတယ်။အဲဒီမှာ တောင်ပြုန်းနယ်တစ်ဝိုက်ကို အပိုင်စားရလို့ ဒီနေ့ထိနတ် ပရိဿတ်လူသားများ ၀ပ်တွားခစားရာ တောင်ပြုန်းပွဲကြီး ဖြစ်လာတယ်။ နှစ်စဉ်ပွဲတော်ရက်က ၀ါခေါင်လ ဆန်း ၈-ရက်က နေ ၁၅-ရက်အထိ ကျင်းပလေ့ရှိပါတယ်။

ဒီနေ့အချိန်မှာတော့ နတ်ကတော်ဟုဆိုရင် မောင်ဖုန်းများပဲမြင်နေရ တယ်။ တောင်ပြုန်းပွဲတော် မှာ မိန်းမလျာတွေ တစ်နေ့တခြားများလာခြင်းက နတ်ကတော် ၊နတ်ကိုယ်စားလှယ် လုပ်သူများမှာ မောင်ဖုန်းတို့ရဲ့ ကိုယ်ပိုင်အလုပ် တစ်ခုလို လုပ်ကိုင်လာကြတယ်။ ဒါတင်မကသေးဘူး။အလှပြင် မိတ်ကပ် လိမ်းချယ် တာက လည်းသူတို့ လက် အောက်ရောက်နေပြီလေ ။တချိန်က နတ်ကတော်အမျိုးသမီးများ နေရာပျောက်ခဲ့ ရတယ်။တောင်ပြုန်းပွဲဆို ရင် မောင်ဖုန်းတို့ စုပေါင်းပျော်ကြတဲံ ပွဲတော်ကြီးတစ်ခုဖြစ်နေတယ်။

တချိန်က အမျိုးသမီးများက နတ်ကတော်ရာထူးကို သိမ်းပိုက်စိုးစံခဲ့တဲ့နောက် ခုဆိုရင်နတ်ကတော်လောကထဲအင်အားနဲ့ဝင်လာတာကတော့ မောင်ဖုန်းတို့ပါပဲ။ဖုန်းကညာ တစ်ပါးလုံးရာက-ပြားသွားသူများကိုဆိုချင်ပါတယ်။သူတို့ကို တောင်ြ ပုန်းမင်းနှစ်ပါးက လိပ်ပြာလှလို့ကောက်တော်မူတာဆိုရင် စဉ်းစားစရာပဲ။ လောကကြီးကို ခါးစောင်း တင်လာသူတွေထဲမှာ ဖုန်းကညာတွေ အင်အားများနေပြီလို့ ပြောရတော့မယ်။

အဲဒီနတ်ပရိဿတ်ထဲမှာ နှစ်မျိုးရှိတယ်။နတ်နဲ့လူဆက်သွယ်ပေးသူ နတ်ကတော်နဲ့ ပူဇော်ပသ လိုရာတောင်း တကြတဲ့ ယုံကြည်ကိုးကွယ်သူတွေပေါ့။လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀-ကျော် နတ်ကတော်များကိုကြည့်ရင်အမျိုးသမီး တွေပါ။လိပ်ပြာလှလို့နတ်တွေက ကောက်တော်မူရာက နတ်ကတော်ဖြစ်လာတယ်။နတ်ရေစင်သောက်ပြီး သစ္စာပြုကြရတယ်။ အဲဒီအချိန်ကစလို့ ၀က်သားဆို လားလားမျှ အကတ်မခံတော့။ဒီအချိန်မှာ နတ်ကတော်မှတ် ပုံတင်ရပြီးတဲ့နောက် သူတို့ကပဲ နတ်တွေကိုပင့်ပြီး ဟောကြ၊ပြောကြပြီ။နတ်မှန်သမျှ နတ်ကတော်များက ပင့်နိုင် သည်အထိ စွမ်းကြတယ်။

နတ်ကတော်ဖြစ်သူကနတ်နဲ့ပတ်သက်တဲ့ရာဇ၀င်တွေကို လေ့လာမှတ်သားရတယ်။နတ်တွေရဲ့ အကြိုက်တင် မြှောက်နိုင်အောင် ဘယ်နတ်ကို ဘာနဲ့ တင်မြှောက်ပြီး၊ဘယ်လို ရွတ်ဆို ပင့်ရမယ်ဆိုတာ တတ်ကျွမ်းကြ သလို နတ်ချစ်ခံရတဲ့ အခွင့်ထူးခံလူတန်းစား တစ်ရပ်ဖြစ် လာပြီးနောက် စီးပွားရေး။အိမ်ထောင်ရေး၊လူမှုရေး သာမက ပစ္စည်းပျောက် တာကစလို့ နတ်ကတော်တွေ ဟောကိန်းထုတ်ကြတယ်။နတ်ပင့်ရတဲ့ ကုန်ကျစရိတ်ကို ပူဇော် ပသတယ် ဆိုတဲ့ ဝေါဟာရနဲ့ အခကြေးငွေရကြတာပေါ့။

ယုံကြည်မှုတစ်ခုအရ နတ်တွေနဲ့ဆက်သွယ်ပြီး စီးပွားရေးအောင်မြင်သွားရင် အဲဒီ နတ်ကတော်က အကြံပေးရာ ထူးရသွားပြီ။တခြားနတ်ကတော် ၀င်လို့မရတော့ဘူး။သူတို့မှာ အားကိုးခံရသူဖြစ်လာတာနဲ့ စိန်နားကပ်ကြောင့် ပါးပြောင်လာတယ်။နတ်ကန္နားပွဲတွေမှာလည်း ဆိုင်းသံ၊ဗုံသံဆူညံစွာ ပူဇော်ပသကြရာမှာ ဆရာကြီးတွေဖြစ် လာတာက မောင်ဖုန်း တို့ပါပဲ။ နတ်ကန္နားတွေမှာကြည့်လိုက်ရင် မောင်ဖုန်းတို့ကအုပ်စိုးထားတာ တွေ့ရတယ်။ကန္နားစီးဆိုတာ သူတို့နတ် ကတော်လောကမှာ ရာထူးအမြင့်ဆုံး၊အဲဒီနေရာမှာ စိုးပိုင်နေသူတွေများ စွာမှာ သူတို့ပဲ။အမျိုးသမီး စစ်စစ် နတ် ကတော်တွေ က နောက်လိုက်ဖြစ်နေပြီ။

နတ်ပွဲတစ်ပွဲက မောင်ဖုန်းတို့အတွက် ကကြ၊ခုန်ကြ၊မူးကြ၊ပျော်ကြ၊ အငြိမ့်ပွဲ၊ဇာတ်ပွဲတစ်ပွဲဖြစ်နေတယ်။ ဗိန်းဗောင်းနဲ့ဆိုင်းတီးရင် သူတို့မှာ ပျော်ရွှင်နေကြတာပဲ။တကယ်ရော နတ်တွေကြွရဲ့လား ။ပြောသမျှမှန်ရဲ့လား။ မူးပြီးပြောတော့ တိုက်ဆိုင်စွာ မှန်သွားတာများလား။ ဗုဒ္ဓမြတ်စွာက သူရာမေရယ (အရက်သေစာ သောက်စား ခြင်း)ကို တားမြစ်ထားတယ်ဆိုတာ သိရက်နဲ့ အရက်တွေကို ဆက်သကြ တာမျိုးတွေ ရှိနေတာပါ။ ဆက်သတဲ့ အရက်ကို နတ်ကသောက်တာလား။ လူက သောက်တာလား။ နတ်ရဲတွေသာ ရှိမယ်ဆိုရင် မူးယစ်ရမ်းကားမှုနဲ့ ဖမ်းဝရမ်းထုတ်မယ်ထင်ပါတယ်။

“နတ်ကတော်လုပ်ရတာ မလွယ်ဘူး။လာတဲ့သူတွေကို ကျွေးရမွေးရတာနဲ့ ၊တခြား ကုန်ကျစရတ်တွေပေါင်း လိုက်ရင် အရင်းရဖို့တောင်မလွယ်ဘူး။ နတ်ကတော်တောင် မလုပ်ချင်တော့ဘူး။တချို့က နတ်ကိုးကွယ်ရင် သရဏဂုံ ပျက်တယ်လို့ပြောတယ်။အဲဒါ လက်မခံဘူး၊ရိုးရာကိုးကွယ်မှုပဲ။သူတို့တွေကို ကျန်းမာအောင်၊ ချမ်းသာ အောင် လုပ်ပေးရတာ။“ဟု နတ်ကန္နားစီး တစ်ဦးကရင်ဖွင့်ပြောဆိုပါတယ်။

မိရိုးဖလာအရ နတ်ဆိုတဲ့ မမြင်ရတာတွေကို လက်ခံပါတယ်။ ဘုရားဟောဒေသနာ- ရတနာသုတ်တော်မှာ ဗလိ နတ်စာကျွေးဖို့ ရှင်အာနန္ဒာကိုစေခိုင်းခဲ့တာ တွေ့ရတယ်။ လူကြီးတွေထံက ပြောသံကြားဖူးတယ်။နတ်ကိုယုံတယ် လူကို မယုံဘူး တဲ့။ဒါပေမယ့် နတ်ကတော် မပါလို့လဲမဖြစ်ပြန် ဘူး။ဘယ်လို ပသရမယ်ဆိုတာရယ်။ဘယ်လိုပြော ရမယ်ဆိုတာရယ်။လူတွေက မသိဘူးလေ။တချိန်က နတ်ကတော်အမျိုးသမီးရှားပါးတော့ လက်ရှိများပြား လှတဲ့ မောင်ဖုန်းတို့ကို အားကိုးကြရတယ်။မှန်သည်-မှားသည်ကိုတော့ မသိ။

ယနေ့ တောင်ပြုန်းပွဲတော်မှာ ကျန်းမာရေးအသိပညာပေး လက်ကမ်း စာစောင်တွေ ဝေ ငှကြတယ်။ပွဲတော်ရက် (၇)ရက်အတွင်းမှာ ထိန်ခုတ်၊ ယုံထိုး၊ချိုးရေးတော်သုံး၊ ဆိုတဲ့ ကြားဖြတ်အခန်းအနားများ လည်းရှိတယ်။ မင်းနှစ်ပါးရဲ့ နတ်နန်းပေါ်မှာ ကန္နားပေးရင် ဆိုင်း ဆရာတွေ အလုပ်ဖြစ်တယ်။ နတ်ချော့ကြသူ မောင်ဖုန်းများက မော်ဒယ်ရှုံးလောက်အောင် မိတ်ကပ်များ ချယ်သပြီး ဆိုင်းသံစီးချက်နဲ့ ကခုန်ကြတယ်။သူ့အခြွေအရံများက လည်း ငါးရာတန် အောက်ခံထားပြီး ရွှေလမ်း၊ငွေလမ်းခင်းတယ်ဆိုကာ ပိုက်ဆံကြဲကြတယ်။ ဘယ်လောက်ထိ ချမ်းသာနေကြလဲမသိ။

“မနှစ်က ကျောက်ကုန်သည်တစ်ဦးက ကျောက်အောင်လို့ဆိုပြီး ပီနံအိတ်နဲ့ တစ်ထောင်တန် နဲ့ငါးထောင်တန် တွေသယ်လာပြီးကျဲလိုက်တာ။လုယက်ကောက် လိုက်ကြတာ။တစ်ယောက်ကို ငါးသောင်းလောက်ထိ ရကြ တယ်။ခုလို ကြဲမယ့်အစား စာသင်ကျောင်းဆောက်လိုက်ရင်၊ ဘုရားတည်လိုက်ရင် ဘယ်လောက်ကုသိုလ် ရလိုက်မလဲ။တလွဲသုံးနေကြတယ်လို့ မြင်တယ်။“ ဟု တောင်ပြုန်းရွာသားတစ်ဦးကပြောပါတယ်။

တောင်ပြုန်းဆိုလျင်အနော်ရထာမင်းကြီးနဲ့ကျန်စစ်သားတို့ကို သတိရပြီး မင်းကြီး မင်းလေး ဆိုသည်ကို သမိုင်း မှတ်တမ်းမှာ ရှေ့တန်းက အလေးထား သတိရလို့ ကိုးကွယ်ရာ အမှန်ယုံကြည်နေသူများကတော့ မောင်ဖုန်း တို့နဲ့ လက်တွဲပျက်ကြမည်မဟုတ်ဟု ဆိုရပါလိမ့်မယ်။

အောင်သန့်ခိုင်
Mandalay News Agency
https://www.facebook.com/mandalay.newsagency



0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform