စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 10 August 2014

ရှေးဟောင်း သမိုင်းဝင် စေတီတော်မြတ်ကြီး မိုးသည်းထန်မှုကြောင့် ပြိုကျပျက်စီး

 တောင်ကုတ်မြို့နယ် နတ်မော် ကျေးရွာ၏ မြောက်ဘက်တွင် ရှိသော ရှေးဟောင်း သမိုင်းဝင် ဆီးကိုင်း တောင်စေတီ တော်ကြီးသည် ဩဂုတ်၆ ရက် နံနက် ၁ နာရီက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်မြေ များ လျော့ကျကာ စေတီတော်ကြီးမှာ ပြိုကျ ပျက်စီးခဲ့သည်။

တည်ထားကိုးကွယ် အဆိုပါ စေတီတော် မြတ်ကြီးမှာ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ ဆီးရိုးတော်၊ ဓာတ်တော်ကို ဌာပနာ၍ ရှေးအခါ သေလာမရတောင် (ယခုအခါ)ဆီးကိုင်းတောင်တွင် တည်ထားကိုးကွယ်ခဲ့သည်။ “အရင်တုန်း ကတော့ ဆီးကိုင်းတောင်စေတီတော်မြတ်ကြီးက မကြာမကြာ ဓာတ်တော် များကွန့်မြူး၍ အလင်းရောင်တန်းများ ထွက်ပေါ်ဖူးပါတယ်” ဟု နတ်မော် ကျေးရွာနေ ဦးဖြူညွန့်အောင်ကပြောပြသည်။

ဆီးကိုင်းတောင်စေတီတော်မြတ်ကြီးမှာ သက္ကရာဇ် ၁၂၉၈ ခုနှစ် ကဆုန်လဆန်း ၇ ရက်က တောင်ကုတ် မြို့ဝန်းကျင်တွင် လေမုန်တိုင်း တိုက်ခတ်မှုကြောင့် စေတီတော်ကြီး ထီးတော်နှင့်အတူ အထက် ၂၄ ပေခန့် ပြိုကျပျက်စီးခဲ့သည်။

စေတီအရန်များ၊ ပန်းအိုးကြီးများ ပြိုကျပျက်စီးခဲ့ပြီး ပျက်စီးသွားသော အထက်၂၄ ပေ ခန့်ကို နတ်မော်ကျေးရွာ အဘယခေမိ ကာရုံကျောင်းတိုက် ဆဋ္ဌမမြောက် ကျောင်းထိုင်ဆရာတော် အရှင်သုန္ဒရ က ဦးစီးပြီး ပြန်လည်ပြုပြင်ခဲ့သည်။
သက္ကရာဇ် ၁၃၇၅ ခုနှစ် ဝါဆို၊ ဝါခေါင် လများ၌ မိုးကြီးခဲ့ရာမှ တောင်မြေ များလျော့ကျကာ စေတီတော်ကြီးမှာ တောင်ဘက်သို့ ကိုင်းညွတ်သွားခဲ့ပြီး ကြာလန်အောက်ဆင့်မှာလည်းအုတ်များ ထွက်ကျခဲ့သည်။

ယခုအခါ စေတီတော်မြတ်ကြီး၏ ထက်ဝက်ခန့်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်အောက်သို့ ပြိုကျသွားခဲ့ပြီး ရှေးဟောင်းစေတီ တော်ကြီးတစ်ဆူ ပျောက်ဆုံးသွားမည်ကို စိုးရိမ်လျက်ရှိသည်။
စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ပန်းတင်ခုံ အကျယ် (တောင်/မြောက်) ၄၇ ပေ၊ (အရှေ့/ အနောက် ) ၄၇ ပေရှိပြီး အမြင့်မှာ သုံးပေ ကိုးလက်မအထိ မြင့်ကာ ပန်းတင်ခုံမှ ငှက်ပျောဖူးအဆုံးအထိ အမြင့် ၅၁ ပေ လေးလက်မရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform