စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday, 23 April 2014

ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ ဖြေရှင်းရေး ရန်ကုန်တိုင်း လွှတ်တော်မှာ ဆွေးနွေး

ရန်ကုန်မြို့တွင်း နေ့စဉ်ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းဆောင်ရွက်ဖို့ အတွက် ဒီကနေ့ ပြန်လည်ကျင်းပတဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးမှာ စတင် ဆွေးနွေး ခဲ့ပါတယ်။

ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်း ဆောင်ရွက်ဖို့ အဆိုကို တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ (က) လွှတ်တော်အမတ် ဦးမျိုးမင်းအောင်က ဒီနေ့ တင်သွင်းခဲ့တာပါ။ သူ့ရဲ့အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းအောင်က RFA ကို အခုလို ပြောပါတယ်။

"အပေါ်ကနေ ညွှန်ကြားထားတယ်၊ ဒါပေမဲ့ အောက်ခြေမှာ လိုက်နာမှုအားနည်းနေတာပေါ့၊ အထောက်အကူပြုကော်မတီတို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဌာနတို့ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေဆိုရင်လည်း ရဲစခန်းတွေမှာ ထပ်ပြီးတော့ဖွဲ့ထားပေးတယ်၊ အဲဒီအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ တစ်မြို့နယ်ချင်း စီမံချက်ကလေးပုံစံမျိုးနဲ့ အကောင်အထည်ဖော်လိုက်နိုင်ရင် တော်တော်လေးလျော့ပါးသွားမယ်လို့ တွက်တာပေါ့၊ တချို့တွေဆိုလို့ရှိရင်လည်း လမ်းဆုံလမ်းခွဖြစ်တယ်၊ မီးပွိုင့်မတတ်နိုင်သေးဘူးပေါ့၊ မတတ်နိုင်သေးတဲ့နေရာတွေမှာ ကျနော်တို့ အင်အားဘယ်လိုချပြီး ဖြေရှင်းမလဲ၊ အရေးယူမှုတွေ ဘယ်လိုလုပ်မလဲပေါ့၊ စီမံချက်ကလေးဆွဲပြီးလုပ်ဖို့ ဆိုလိုတာ"

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၈မြို့နယ်ရှိရာမှာ မြို့ထဲပိုင်းနဲ့ ဆင်ခြေဖုန်းဘက်တွေမှာ နေ့စဉ်လိုလို ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေတဲ့အတွက် နေ့စဉ် မြို့တွင်းအလုပ်လုပ်ကိုင်ကြရသူတွေဟာ အလုပ်သွားအလုပ်ပြန်မှာ အချိန်ကုန်ကြရတယ်လို့ ပြောကြပါတယ်။

အဲဒီအဆိုကို လာမယ့် ဧပြီလ ၂၅ ရက်နေ့မှာကျင်းပမယ့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က နောက်ဆုံးကျင်းပခဲ့ကြောင်း သိရပါတယ်။

RFA Burmese

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform