စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday, 23 April 2014

ရှင်ပြုအလှူ ပွဲ ပြုလုပ်နေစဉ် မီးစက်မှ တစ်ဆင့် ကူးစက် လောင်ကျွမ်း၍ နေအိမ်(၂၂)လုံး မီးလောင်ဆုံးရှုံး

 နေပြည်တော်၊ ဧပြီ ၂၃

 ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ်၊ တောပုကျေးရွာနေ ဦးဟန်ညွန့်၏ နေအိမ်တွင် ရှင်ပြုအလှူပွဲ ပြုလုပ်နေစဉ် အလှူမဏ္ဍပ်တွင် အသုံးပြု နေသော ဓါတ်ဆီသုံး မီးစက်မှ မီးစတင် လောင်ကျွမ်းခဲ့ပြီး အလှူမဏ္ဍပ်မှ တစ်ဆင့် အနီးဝန်းကျင်ရှိ နေအိမ်များသို့ ကူးစက် လောင်ကျွမ်းခဲ့ရာ မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများ၏ ၀ိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် ည ၁၁ နာရီခွဲအချိန်တွင် မီးညွန့်ကျိုးပြီး ဧပြီလ ၂၃ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့သည်။

မီးကူးစက်လောင်ကျွမ်းမှုကြောင့် ၎င်းင်းရွာနေ မောင်ဖိုးသား(၆)နှစ်တွင် ခန္ဓာကိုယ်တစ်ခုလုံး မီးဟပ်ခံရသည့်ဒဏ်ရာရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး သွပ်မိုး/ထရံကာ/ပျဉ်ခင်းနှစ်ထပ်နေအိမ် ၁၉ လုံး၊ မြေစိုက်/ထရံကာ/သွပ်မိုးနေအိမ် ၃ လုံး၊ စုစုပေါင်းနေအိမ်(၂၂)လုံး၊ တန်ဘိုးငွေကျပ်သိန်း(၁၁၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကာ မီးဘေးသင့် အိမ်ထောင်စု(၂၃)စုမှ လူဦးရေ ကျား ၅၂ ဦး၊ မ ၄၇ ဦး၊ စုစုပေါင်း ၉၉ ဦးအား ကျေးရွာဘုန်းကြီးကျောင်း များနှင့် အခြေခံပညာမူလတန်းကျောင်းတို့တွင် ယာယီနေရာချထားပေးပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဦးဟန်ညွန့်အား ဆီမီးခုံနယ်မြေရဲစခန်း(ပ)၆၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 ရဲဇာနည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform