ဧပြီလ ၁၀ ရက်၊ ၂၀၁၄
ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာနေ သမီးငယ်
(၂) ဦးရှိ မောင်သောင်းအား အလုပ်မလုပ်၍ ဇနီးဖြစ်သူကဆဲဆိုကာ
မခံနိုင်သောကြောင့် ပေါင်းသတ်ဆေး သောက်ပြီး ဧပြီ ၃ ရက်နေ့တွင်
တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံတွင် သေဆုံးကြောင်း သိရသည်။
ဖြစ်စဉ်တွင်
မောင်သောင်းသည် မိသားစုအတွက် ဝင်ငွေမရှာဘဲ အမြဲတမ်း အရက်သောက်ပြီး
မူးရူးနေကြောင်း၊ ၎င်းကို ဇနီးဖြစ်သူက ဆဲဆိုကာ ရန်ဖြစ်ပြီး၊ ဇနီးဖြစ်သူက
ခြံသို့သွားလိုက်ရာ အိမ်တွင်ကျန်ရှိသော မောင်သောင်းသည် ပေါင်းသတ်ဆေးကို
သောက်သွားကြောင်း ရွာသူကြီးက ပြောသည်။
ဧပြီ ၃ ရက် နေ့လည် ၁၂
နာရီတွင် ပေါင်းသတ်ဆေးသောက်သည်ကို ယောက္ခမက သိရှိပြီး ပတ်ဝန်းကျင်လူများကို
ခေါ်ပြီး တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ရာ ဆေးကုသမှု
ခံယူသော်လည်း ပေါင်းသတ်ဆေးသောက်သည်ကို များလွန်းသောကြောင့်
သူ၏အူနှင့်အသဲသည် ဆေး၏အာနိသင်ဒဏ်ကြောင့် ခြောက်သွားပြီးဆေးမနိုင်ဘဲ ညနေ ၃
နာရီတွင် သေဆုံးကာ တောင်ကြီးသုသာန်တွင် သဂြိုင်္လ်လိုက်ကြောင်း သိရသည်။
ခွန်ထွိုက် (ဆီဆိုင်)
တောင်ကြီးတိုင်းမ်
0 comments:
Post a Comment