ထောင်ထဲမှာ အနှစ်နှစ်ဆယ် လောက် တိုက်ပိတ်အကျဉ်းချခံ ထားရသူတစ်ဦးဟာ ဘယ်လိုများ ရပ်တည်ရှင်သန်နိုင်မလဲ။ ရူးများ သွားမလား။
မည်သို့ပင်ဖြစ်စေ သတင်း စာဆရာကြီး ဦးဝင်းတင်ကတော့ သည်အခြေအနေကို ကောင်း
ကောင်းခံနိုင်ရည်ရှိသူတစ်ဦးဖြစ် သည်။ အသက်(၈၅)နှစ်အရွယ် ရောက်ရှိနေသဖြင့်
ခန္ဓာကိုယ်က နှလုံးအားနည်းပြီး ကျန်းမာရေး ချို့တဲ့နေရှာသည့်တိုင်အောင် စစ်
အစိုးရ၏ နှိပ်စက်ညှဉ်းပန်းမှုများ က သူ၏စိတ်အားထက်သန်မှုများကို
ဆုံးရှုံးသွားအောင် မလုပ်နိုင် ခဲ့ပါ။ ပြီးခဲ့သည့်လက တွေ့ဆုံခဲ့ သည့်
နှစ်နာရီကြာတွေ့ဆုံမှုတွင် ၎င်း၏ ထောင်တွင်းအတွေ့အ ကြုံများကို
ဟာသနှောပြီးပြောပြခဲ့သလို လက်ရှိ မြန်မာနိုင်ငံ ဦးတည်သွားနေသည့်
လမ်းကြောင်း အပေါ်မှာလည်း ၎င်း၏အမြင်ကို ပြောပြခဲ့သည်။
ဦးဝင်းတင်သည် သတင်းစာ ဆရာ၊ စာရေးဆရာဘဝဖြင့် အသက်မွေးဝမ်းကျောင်းခဲ့သူဖြစ်
၏။ မြန်မာနိုင်ငံက ထိပ်တန်း သတင်းစာဆရာတစ်ဦးဖြစ်သလို စာရေးဆရာနှင့်
ကဗျာဆရာလည်း ဖြစ်သည်။ ၁၉၈၈ ခုနှစ် အရေး တော်ပုံကြီးကို စစ်အစိုးရက ရက်
ရက်စက်စက်နှိမ်နင်းခဲ့အပြီးတွင် ၎င်းက ဒေါ်အောင်ဆန်းစုကြည် အား
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို တည်ထောင်ရန် ကူညီခဲ့ သည်။ ၁၉၈၉
ခုနှစ်တွင်မူ ဖမ်းဆီးအကျဉ်းချခံခဲ့ရသည်။
စစ်အာဏာရှင်များက ၎င်း ၏စွမ်းရည်ကိုကြောက်ရွံ့ကြ သဖြင့် တစ်ယောက်တည်းတိုက်
ပိတ်အကျဉ်းချခဲ့သည်။ ၎င်းအား စာရေးသည့်ဘောပင်၊ စာရွက် မပေးသလို
စာဖတ်ခွင့်လည်းမပေး ခဲ့ပေ။ အကျဉ်းကျနေသူအချင်း ချင်းပင်
စကားမပြောနိုင်အောင် တစ်ခါတစ်ရံ သူ၏ဘေးခန်းတွင် တောင် လူမရှိစေရဘဲ
အခန်းလွတ် သာထားခဲ့သည်။
၎င်းကို စစ်ဆေးနေစဉ်အတွင်း နေ့နှင့်ညမသိဘဲ အိပ်ရေးပျက် အောင်
စစ်ဆေးကာညှဉ်းပန်းနှိပ် စက်ခဲ့သည်။ အကျဉ်းချသည့်အခါ တွင်လည်း
စစ်တပ်ကခွေးများ အတွက်ထားသည့် စစ်ခွေးတိုက် တွင် နေရသည်။ ထို့နောက် တိုက်
ပိတ်အကျဉ်းခန်းသို့ ရွှေ့ပြောင်းခဲ့ ပြီး သမံတလင်းပေါ်တွင် ဖျာတစ် ချပ်နှင့်
အိပ်ခဲ့ရ၏။ စာရေးဘော ပင်နှင့် စာရွက်အစား တိုက်ခန်း တွင်းမှ
အုတ်ကျိုးအုတ်ပဲ့များကို ခွာချကာ အမှုန့်လုပ်ပြီး တိုက်ခန်း နံရံမှာ
စာရေးခဲ့ရသည်။
၂၀၀၅ ခုနှစ်တွင် ဒီမိုကရေစီ ရေးလှုပ်ရှားသူများက နိုင်ငံရေး
အကျဉ်းသားများကို ထောက်ခံ သည့်အနေဖြင့် အကျဉ်းသားတို့၏ ဝတ်စုံဖြစ်သော
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ရေးလှုပ်ရှားမှုပေါ်ပေါက် ခဲ့သည်။ ထိုအခါ အဖြူရောင်ဝတ်
သော လူများအားလုံးကို ဖမ်းဆီး ရန် မဖြစ်နိုင်သောအခါ စစ်အာ ဏာပိုင်တွေက
ထိုဖြစ်ရပ်ကိုနည်း လမ်းတစ်ခုဖြင့် ဖြေရှင်းခဲ့သည်။ ယင်းနည်းလမ်းမှာ
ထောင်အကျဉ်း သားဝတ်စုံများကို အပြာရောင်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
အကျဉ်းထောင်အတွင်းမှာ နှစ်ကြာလေလေ တင်းကျပ်သည့် အနေအထားများက တဖြည်းဖြည်း
လျော့လာလေဖြစ်သည်။ ၎င်းကိုလည်း နောက်ဆုံးအိပ်စရာခုတင် တစ်ခုပေးခဲ့သည်ဟု
ဦးဝင်းတင်က ပြောပြသည်။ ၎င်းက ခုတင်စွန်းပေါ်တက်ပြီး လှေကားထစ် လိုအသုံးချကာ
တိုက်ခန်း၏ အမြင့်ဆုံးနေရာဖြစ်သော သံတိုင် ကာထားသည့် ပြတင်းပေါက်ဆီ
သို့တက်၏။ ထိုနေရာမှနေပြီး ဘေးတိုက်ခန်းများက အကျဉ်းသား များကို တစ်ခါတလေ
လှမ်းခေါ် သည်။ အခြားအချိန်များတွင် တော့ နံရံကိုခေါက်ပြီးဆက်သွယ် ကြရသည်။
နောက်ပိုင်းနှစ်များမှာတော့ တိုက်ပိတ်အကျဉ်းကျခြင်းမှ လွှတ် ပေးခဲ့ပြီး
အခြားအကျဉ်းကျသူများ နှင့် အဆက်အသွယ်လုပ်ခွင့်ပေးခဲ့ သည်ဟု ဦးဝင်းတင်က
ဆိုသည်။ ထောင်ကြပ်တွေက ၎င်းအား နိုင်ငံ ရေးစကားပြောခွင့်မပေးခဲ့သော် လည်း
သီတင်းပတ်နှစ်ပတ်လျှင် ၁၅ မိနစ်ခန့် ဧည့်သည်နှင့် စကား ပြောခွင့်ရ၏။
ထိုအခြေအနေတွင် အခြားအကျဉ်းကျနေသူတို့က ထောင်ထဲကို ရေဒီယိုတစ်လုံးခိုး
သွင်းလာပြီး အကျဉ်းထောင်ထဲ တွင် သတင်းစာတစ်စောင်ထုတ် ဝေခဲ့သည်။
၂၀၀၅ ခုနှစ်က မကြာမီ လွှတ်ပေးတော့မည်ဟုပြောကြား ခြင်းခံရသည့် အခြားအကျဉ်း
သားတွေနှင့်အတူ ဦးဝင်းတင်ကို ပါ အာဏာပိုင်တွေက ခေါ်ထား သည်။
ထောင်တံခါးဝနောက်တွင် ၎င်းနှင့်အတူ မိတ်ဆွေအကျဉ်း သာများကို ပြည်ထဲရေးဝန်ကြီး
နှင့်တွေ့ဆုံရန် စောင့်ခိုင်းထား၏။ အခန်းကျဉ်းလေးထဲတွင် စောင့်
စားခြင်းဖြစ်သည်။ သို့သော် ပြည် ထဲရေးဝန်ကြီးက ရောက်မလာ ခဲ့ပေ။ ၎င်းတို့လည်း
အခန်းထဲကို ပင် ပြန်ပို့ခြင်းခံရသည်။
နောက်ထပ်သုံးနှစ်ကြာပြီးမှ ဦးဝင်းတင်တကယ်လွတ်မြောက် လာခဲ့သည်။
လွတ်မြောက်ချိန်တွင် ထောင်ဝတ်စုံမချွတ်သဖြင့် နောက် ဆုံးအချိန်ထိ
ထောင်ဝတ်စုံချွတ် ပေးရန် ဝိုင်းဝန်းဖျောင်းဖျသည်။ ထိုအခါ ၎င်းက အကယ်၍ ထောင်
ဝတ်စုံချွတ်ရပါကလည်း အရပ် ဝတ်လဲမည်မဟုတ်ဘဲကိုယ်တုံး လုံးပဲသွားမည်ဟုသာ
ပြောခဲ့ သည်။ နောက်ဆုံးတော့ အာဏာ ပိုင်တွေ အလျှော့ပေးလိုက်ရ သည်။
ထိုထောင်ဝတ်စုံကို ယခု အခါ သူ့အမျိုးများအိမ်ကသေတ္တာ ထဲတွင်
သိမ်းဆည်းထားသည်။
အကျဉ်းထောင်ကလွတ် မြောက်ပြီး လေးနှစ်ကြာသည့်တိုင် အောင် ဦးဝင်းတင်က ထောင်
ဝတ်စုံအရောင်ဖြစ်သည့် အပြာ ရောင်ရှပ် အင်္ကျီကိုဝတ်ဆင်ထား ဆဲဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်းက အခြားနိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်မချင်း အခြား
အရောင်ကို ဝတ်ဆင်မည့်သူ မဟုတ်ပေ။
(ဝါရှင်တန်ပို့စ်သတင်းစာတွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါးရှင် Simon Denyer ၏
How former Burmese political prisoner Win Tin survived 20 years in jail
ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)
ထားထားမြင့်
7Day News Journal အတွဲ (၁၃)၊ အမှတ်(၇)
မီရွှေ နာ့ လာအားပေးသွားတယ်နော်.. ;-)
ReplyDelete