မြန်မာနိုင်ငံ ဆက်သွယ်ရေး တာဝန်ရှိသူများမှ ခရိုနီများနှင့် ပူးပေါင်း၍
ခိုင်ခန့်သော သံဖုန်းတိုင်များအစား ခိုင်ခံမှု အာမခံချက် မရှိသော ကွန်ကရစ်
ဖုန်းတိုင်များ အစားထိုး လဲလှယ်ခြင်းကို မြန်မာနိုင်ငံအနှံ့
လုပ်ဆောင်လျှက်ရှိရာ မြန်မာနိုင်ငံ လူထုအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေသို့
ရောက်ရှိနေပါသည်။
ဖုန်းများ နိုင်ငံအနံ့လဲလှယ်ခြင်းမှာ မဖြစ်သင့်သည့်
ဆောင်ရွက်ချက်ဖြစ်ပါသည်၊ ထို အစားထိုး လဲလှယ်သောကွန်ကရစ်ဖုန်းတိုင်များမှာ
အရောင်းဘောက်ချာ၌ပင် “သယ်ဆောင်စဉ် ကျိုးပဲ့ ပျက်စီးပါက ရောင်းသူမှ တာဝန်
မယူပါ”ဟူ၍ပင် ရိုက်နှိပ်ထားပြီး အာမခံချက် မရှိ၊ အရည်အသွေး မပြည့်သော
တိုင်များဖြစ်နေပါသည်။
သို့ပါ၍ နိုင်ငံတော် အကြီးအကဲများ အနေနှင့် လူထုအပေါ် အမှန်တကယ်
ချစ်သည်ဆိုပါက ထိုကိစ္စကို စုံစမ်းဖေါ်ထုတ် အရေးယူသင့်လှပါသည်၊ ယခု ပုံမှာ
၂၃၊ ၄၊ ၂၀၁၄ ရက်နေ့၊ ညနေ (၄)နာရီ(၄၀)မိနစ်အချိန်က ၇၈လမ်း
၃၂လမ်းဒေါင့်(၇၈လမ်းပေါ်တွင်) ကွန်ကရစ်ဖုန်းတိုင်ကျိုးကျမှု
မှတ်တမ်းဓါတ်ပုံများ ဖြစ်ပါသည်။
ကသာမြို့တွင်လည်း လွန်ခဲ့သော လအနည်းငယ်က ကွန်ကရစ်ဖုန်းတိုင်ကျိုးကျခဲ့ရာ
ဦးမောင်မောင်တင်ဆိုသူ နောက်ပိုင်းသေခြင်း၊ကျောက်ကပ်
ပျက်စီးခြင်းဖြစ်သွားခဲ့ရပါသည်။
ယခုလို မိမိအတ္တအတွက် (ခေတ်မှီတိုးတက်ခြင်းကို ခေါင်းစဉ်တပ်၍)နိုင်ငံအနှံ့
သံပင်အနည်းငယ်မျှ သာ ပါဝင်သည့်အရည်အသွေးမရှိသည့် ကွန်ကရစ်ဖုန်းတိုင်များ
စိုက်ထူနေမှု နေမှုအပေါ် နိုင်ငံတော်သမ္မတကိုယ်တိုင် အရည်အသွေးစစ်ဆေးရေး အဖွဲ့
ဖွဲ့၍ စစ်ဆေးအရေးယူဆောင်ရွက်ပေးပါရန် လိုအပ်လျှက်
ရှိနေပါကြောင်းတင်ပြလိုက်ရပါသည်။
(ဟာဂျူလီ-ကသာ)
(ဓါတ်ပုံ myo aye)
0 comments:
Post a Comment