လူကြီးပိုင်းနဲ့ ပေါင်းစားနေတယ်လို့ သတင်းတွေ နံထွက်လာတဲ့ အောင်ကောင်းကျော် ကုမ္ပဏီ
ထူးထူးဆွေ(ရန်ကင်း)
ဧပြီ ၉၊ ၂၀၁၄
မြန်မာနိင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးများ စာရင်းဝင်အောင်ကောင်းကျော် ကုမ္ပဏီရဲ့ လူကြီးတွေနဲ့ပေါင်းစားပုံ တွေအကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေက ယူနတီ ဂျာနယ်သို့ဆက်သွယ်ပြောကြားခဲ့သည်။
“စည်ပင်ဝေစုရထားတဲ့ လေးလွှာကို အောင်ကောင်းကျော်က ပေါက်ဈေးရဲ့ လေးပုံတစ်ပုံနဲ့ဝယ်ဖို့လုပ်နေတယ်။အမှန်ဆိုရင် အများသွားတဲ့ အနော်ရထာလမ်းကိုပိတ်ဆောက်ထားတဲ့ စည်ပင်ရုံးက အဲဒီ့အလွှာမှာဖြစ်ရမှာ”ဟု သင်္ကန်းကျွန်း အဆင့်မြင့်ဈေးအနီးနေထိုင်သည့်ဒေသခံပြည်သူတစ်ဦးဖြစ်သည့် ကိုကျော်စွာက ယူနတီ ဂျာနယ်သို့ပြောသည်။
သင်္ကန်းကျွန်းဈေးဆောက်လုပ်ရာတွင် စည်ပင်ရုံးခန်းကို အများပိုင်လမ်းအား ကျုးကျော်ဆောက်လုပ်သဖြင့် ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြခြင်းခံခဲ့ရသည့် အောင်ကောင်းကျော် ကုမ္ပဏီသည် ၁ဧကခွဲကျော်အကျယ်ရှိ တာမွေမြို့နယ်မှ ရာပြည့်ဈေးဆောက်လုပ်ခွင့်ကိုလည်း ရရှိထားပြီးဖြစ်ကြောင်းသိရသည်။
“အောင်ကောင်းကျော် ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ ဦးကျော်ဝေနဲ့ ဒေါ်ဆွေသဇင်တို့က လူကြီးတွေကိုဆို အသေလျှော်တာလေ။သူတို့က ဦးသန်းရွှေတို့ ဦးခင်ညွန့်တို့ လက်ထက်ကစပြီး ၀န်ကြီးဦးသိန်းညွန့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း လက်ရှိမြို့တော်ဝန် ဦးလှမြင့်နဲ့သူ့သား တို့အထိ အဆက်ဆက်ဖေါက်သည်ဖြစ်ခဲ့တာလေ။ဒါ့ကြောင့် ရာပြည့်ဈေးဆိုရင် ကျွန်တော်တို့အပါအ၀င် ကုမ္ပဏီ ၁၅ ခုဝိုင်းကြိုးစားတာမှ အောင်ကောင်းကျော်ကို ပဲရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေက ချပေးပြီးပြီလို့ သူ့ရဲ့ ပီအေကတဆင့်သိရတယ်”ဟု အမည်မဖေါ်လိုသူ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
အောင်ကောင်းကျော်ကုမ္ပဏီသည် လူကြီးပိုင်းအသိုင်းအ၀ိုင်းထံသို့ ငွေကြေးပုံအောပေးကာ လုပ်ငန်းးလုပ်ကွက်များကိုရယူလေ့ရှိကြောင်းလည်း ဆောက်လုပ်ရေးလုပ် ငန်းရှင် အသိုင်းအ၀ိုင်းထံမှ သိရသည်။
အထက်ပါ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အောင်ကောင်းကျော် ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ဦးကျော်ဝေထံသို့ ယူနတီဂျာနယ်မှ ၄ကြိမ်တိုင်တိုင် ဖုန်းဆက်မေးမြန်းသော်လည်း သူ၏ကိုယ်ရေးအရာရှိဆိုသူက ဥက္ကဌဦးကျော်ဝေမှာ ကျန်းမာရေးချို့ယွင်းနေသဖြင့် ပြင်ပမီဒီယာများသို့ပြန်လည်ဖြေကြားရန်မဖြစ်နိင်သေးကြောင်းသာပြန်လည်ဖြေကြားသည်။
“ဥက္ကဌကြီးနေမကောင်းဖြစ်နေလို့ ဆရာဝန်က အနားယူခိုင်းထားတယ်။ဒီကိစ္စတွေကတော့ ကျွန်တော်တို့ အနေနဲ့ဖြေကြားခွင့်မရှိပါဘူး”ဟု အောင်ကောင်းကျော်ကုမ္ပဏီအုပ်စု ဥက္ကဌကြီး၏ ကိုယ်ရေးအရာရှိဟုဆိုသူ ဦးမင်းသွင်ထူးက ယူနတီ ဂျာနယ်သို့ပြောသည်။
အောင်ကောင်းကျော်ကုမ္ပဏီအုပ်စုအား သင်္ကန်းကျွန်းဒေသခံများက လမ်းပိတ်ကာ စည်ပင်ရုံးခန်း ဆောက်မူအတွက် ဆန္ဒပြခဲ့ကြစဉ်က

0 comments:
Post a Comment