လမ်းသွားလမ်းလာများကို ဂျင်ကလိဖြင့် ပစ်သူအား အရေးယူ
လမ်းသွားလမ်းလာများကို ဂျင်ကလိဖြင့် ပစ်သူအား အရေးယူ
ေေ နေပြည်တော်၊ ဧပြီ ၂၁
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ ညနေ ၃ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်း(ပ)၅၆/၂၀၁၄၊
ခြေချုပ်နှင့်ခံဝန်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) အမှုမှ မင်းလှမြို့နယ်၊
ကိုင်းရွာနေ ထွန်းရင်(၄၁)နှစ်အား မင်းလှမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့သည်။ ထိုသို့သွားရောက်ဖမ်းဆီးရာ ထွန်းရင်သည် ရွာလမ်းမ
ပေါ်တွင် လမ်းသွားလမ်းလာများအား ဂျင်ကလိဖြင့် ပစ်ခတ်နေသည်ကိုတွေ့ရှိရပြီး
၎င်းထံမှ အရှည်(၉) လက်မခန့် ဂျင်ကလိ(၇)ချောင်း၊
အရိုးအသွား(၁၅)လက်မခန့်စူးချွန်(၁)ချောင်း၊ အရိုး ၄ လက်မ၊ အသွား ၅ လက်မခန့် လှံချွန်(၁)ချောင်းတို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့် ထွန်းရင်အား မင်းလှမြို့မရဲစခန်း(ပ)၅၇/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ဒီစာအုပ်ကို ဖတ်ဖူးတာကြာပြီဖြစ်ပေမယ့်လည်း အခုတိုင်မရိုးနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။
ReplyDelete