စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 11 May 2014

လမ်းကြောင်း ၄ ခုကနေ HIV ကူးစက်သူ အရေအတွက် တိုးနေဆဲ

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီရောဂါပိုး ရှိသူများဖြင့် လမ်းကြောင်း ၄ ခုကနေ အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်း တိုးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။ “အိက်ခ်ျအိုင်ဗွီရောဂါပိုးက ရောဂါပိုး ရှိသူတွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုး ရှိသူ၏ သွေးသွင်းမိခြင်း၊ မူးယစ်ဆေး အကြောအတွင်း ထိုးသွင်းခြင်းနှင့် ရောဂါပိုး ရှိသူ ကိုယ်ဝန်ဆောင် မိခင်ထံမှ သားသမီးထံ ကူးစက်ခြင်းစတဲ့ လမ်းကြောင်း ၄-ခုက ကူးစက်တာ များပါတယ်။” ဟု အိပ်ခ်ျအိုင်ဗွီ ရောဂါ ပိုးနှင့် အေအိုင်ဒီအက်စ် ရောဂါ ကာကွယ် တိုက်ဖျက်ရေးနှင့် ကာကွယ် စောင့်ရှောက် မှုများ ဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာ လူမှုရေး အဖွဲ့အစည်းတစ်ခု၏ အမည်မဖော်လိုသူ မန်နေဂျာ တစ်ဦးက ပြောသည်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုး ရှိသူ၏ သွေးသွင်းမိခြင်း၊ မူးယစ်ဆေး အကြောအတွင်း ထိုးသွင်းခြင်းနှင့် ရောဂါပိုး ရှိသူ ကိုယ်ဝန်ဆောင် မိခင်ထံမှ သားသမီးထံ ကူးစက်ခြင်း စတဲ့ လမ်းကြောင်း ၄-ခုကို ထိန်းချုပ်နိုင်ဖို့ အတွက် ခက်ခဲခြင်းကလည်း ရောဂါ ကူးစက်မှုနှုန်းကို တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ငွေကြေးအတွက် လိင်ဆက်ဆံနေသူတွေ၊ အမျိုးသားချင်း လိင်တူ ဆက်ဆံသူတွေ၊ အရွယ်မတိုင်မီ လိင်ဆက်ဆံမှုတွေ၊ တရားဝင် လက်ထပ် ထိမ်းမြားခြင်း မရှိဘဲ လိင်ဆက်ဆံမှုတွေ၊ လိင်အပျော်အပါး လိုက်စားသူတွေ၊ မိမိမှာငွေကြေးပေါ များတာကို အခွင့်အရေး ယူပြီး သားပျို သမီးပျိုတွေကို ငွေနဲ့ ဖျားယောင်းပြီး ဖျက်ဆီးသူတွေ များလာတာ၊ အိမ်ထောင်ရှင်တွေရော၊ အိမ်ထောင် မရှိသေးသူတွေပါ စည်းမဲ့ကမ်းမဲ့ လိင်တူ လိင်တူခြင်း လိင်ဆက်ဆံဖော် များလာကြတော့ အခုနကဖော်ပြခဲ့တဲ့ ရောဂါပိုး ကူးစက်ရာ လမ်းကြောင်းတွေထဲက ဘယ်လို ကူးမလဲ ဆိုတာ ပြောရခက်ပါတယ်၊” ဟု အဆိုပါ အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်း မန်နေဂျာက ပြောသည်။ Myanmar Positive Group ၏ လေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် တစ်နေ့လျင် ပျမ်းမျှ လူ ၂၃ ဦးခန့် ကူးစက်နေကြောင်း အမျိုးသမီးများ ကွန်ယက်မှ အကြံပေး ဒေါ်စုစုလှိုင်က မြန်မာ သံတော်ဆင့် သို့ ပြောကြား ခဲ့ကြောင်း သိရှိရသည်။ “အင်း၊ ဆက်သွယ်ရေး နည်းပညာနဲ့ ဖြေဖျော်ရေး လွှင့်တင်မှု နည်းပညာတွေ တိုးတက်လာတဲ့ အခါ၊ ရောဂါ ကူးစက်စေမဲ့ အရာတွေက လွတ်လွတ်လပ်လပ် ကူးလူးခွင့်မှာ တိုးတက်လာပေမယ့်။ ကူးစက်မှုကို တိုက်ဖျက်ပေးမယ့် အပြုအမူတွေက လိုက်လျောညီထွေ တက်မလာရင် တိုးတက်မှုရဲ့ ကောင်းကျိုးထက် ဆိုးကျိုးတွေကို ခံစားကြရမှာကို စိုးရိမ်ရပါတယ်” ဟု အငြိမ်းစား ဆေးရုံအုပ်ကြီး တစ်ဦးက သတိပေးပြောကြား ခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံတွင် ကူးစက်မှုနှုန်း သုည၊ သေဆုံးမှုနှုန်း သုည ဆိုရာမှာ သေဆုံးမှုနှုန်း၊ အေအာဗွီ ဆေးဝါး ၊ စောင့်ရှောက်မှု အင်အားများ တိုးချဲ့နိုင်သော်လည်း ကူးစက်မှုကတော့ လူမှုရေးစနစ်ကြီး တစ်ခုလုံးကို ထိန်းချုပ်နိုင်ရေး အတွက် ခက်ခဲနေဆဲဖြစ်ကြောင်း၊ ဘာသာရေး အထိန်းအကွပ်၊ ယဉ်ကျေးမှု အထိန်းအကွပ် များနှင့်လည်း သက်ဆိုင်ကြောင်း အဆိုပါ ဆရာဝန်က သုံးသပ်ပြောဆိုသည်။ “ကျွန်တော်တို့ ဌာနနဲ့ ဆက်စပ်နေတဲ့ လူမှုရေး အဖွဲ့အစည်းတွေကတော့ ပညာပေးတယ်၊ အကာအကွယ် ပစ္စည်းတွေ ပံ့ပိုးတယ်၊ ဝေဒနာရှင်တွေနဲ့ မိသားစုတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကူအညီပေးတယ်၊ ခွဲခြားဆက်ဆံမှု ပပျောက်အောင် ပညာပေးတယ်။ ဒါပေမယ့် လူမှုရေးဆိုင်ရာ လူနေမှု စနစ်နဲ့ ယဉ်ကျေးမှု ထိန်းသိမ်းဖို့ကတော့ အတော်များများ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်” ဟု ကာလသားရောဂါနှင့် အိတ်ခ်ျအိုင်ဗွီနှင့် အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ရေး အထူးအဖွဲ့ မှ တာဝန်ခံ ဆရာဝန် တစ်ဦးက ပြောသည်။ မျိုးဆက်ပွားပညာပေး၊ သားဆက်ခြား ပညာပေး၊ စိတ်ချ အန္တရာယ်ကင်းသော လိင်ဆက်ဆံမှု ဆိုင်ရာပညာပေး လုပ်ငန်းများကို ယဉ်ကျေးမှုနဲ့ ကိုက်ညီမှု မရှိခြင်းဟု ဆိုခြင်းမှာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့် ပတ်သက်သော အသိပညာ နည်းပါးနေခြင်းကြောင့် ဖြစ်ကြောင်း၊ အသိပညာ နည်းပါးခြင်းက ရောဂါ ကူးစက်မှု တိုးခြင်းရဲ့ အဓိက ပြဿနာကြီး ဖြစ်ကြောင်း အေအိုင်ဒီအက်စ် ရောဂါ ကာကွယ် တိုက်ဖျက်ရေးနှ င့် ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာ လူမှုရေး အဖွဲ့အစည်းများက သုံးသပ်ပြောဆို လျက်ရှိသည်။ ညွန့်အောင် မြစ်မခ

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform