စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday, 22 April 2014

လမ်းသွားလမ်းလာများကို ဂျင်ကလိဖြင့် ပစ်သူအား အရေးယူ

လမ်းသွားလမ်းလာများကို ဂျင်ကလိဖြင့် ပစ်သူအား အရေးယူ

ေေ နေပြည်တော်၊ ဧပြီ ၂၁
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ ညနေ ၃ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်း(ပ)၅၆/၂၀၁၄၊ ခြေချုပ်နှင့်ခံဝန်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) အမှုမှ မင်းလှမြို့နယ်၊ ကိုင်းရွာနေ ထွန်းရင်(၄၁)နှစ်အား မင်းလှမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့သည်။ ထိုသို့သွားရောက်ဖမ်းဆီးရာ ထွန်းရင်သည် ရွာလမ်းမ ပေါ်တွင် လမ်းသွားလမ်းလာများအား ဂျင်ကလိဖြင့် ပစ်ခတ်နေသည်ကိုတွေ့ရှိရပြီး ၎င်းထံမှ အရှည်(၉) လက်မခန့် ဂျင်ကလိ(၇)ချောင်း၊ အရိုးအသွား(၁၅)လက်မခန့်စူးချွန်(၁)ချောင်း၊ အရိုး ၄ လက်မ၊ အသွား ၅ လက်မခန့် လှံချွန်(၁)ချောင်းတို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့် ထွန်းရင်အား မင်းလှမြို့မရဲစခန်း(ပ)၅၇/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

1 comments:

  1. ဒီစာအုပ်ကို ဖတ်ဖူးတာကြာပြီဖြစ်ပေမယ့်လည်း အခုတိုင်မရိုးနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။

    ReplyDelete

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform